Saturday, July 11, 2009

ဒန်းစီး ချစ်သူ

ငါ့ရင်ခွင်ထဲ မှေးစက်နေတဲ့ မင်းမျက်နှာလေးကို ငါကြည့်မ၀ဘူး အချစ်ရယ်။

လှေလေးပေါ်ဝယ်

မင်းနဲ့ကိုယ် ဘ၀ရေအလျဉ်ကျောမှာ အချစ်မေတ္တာ လှေလေးနဲ့ နှစ်ကိုယ်တူ လှော်ခတ်ကြမယ်နော်

ချစ်သူသို့ ပေးစာ

သိပ်ချစ်ရတဲ့ ချစ်သူ

ဒီနေ့တော့ မင်းနဲ့ဖုန်းပြောခွင့်ရတာ အရမ်းပျော်သွားတယ်၊ မင်းအသံလေးကို ကြားရတိုင်း ငါ့မှာအရမ်းပဲပျော်ရွှင်မိ တယ်။ ငါဘယ်လောက် စိတ်ညစ်ညစ် ငါဘယ်လောက် မင်းကို စိတ်ကောက်မိနေပါစေ မင်းအသံလေးကိုကြား လိုက်ရ၊ မင်းကို မြင်လိုက်ရတာနဲ့ ညစ်ခြင်း ကောက်ခြင်းတွေ အကုန်ေ၀၀ါးကုန်တယ်။ အချစ်ရဲ့ စွမ်းအားတွေ ကသိပ်ကို ဆန်းပြားတယ်နော်။ မင်းနဲ့ငါ အမြဲအဆက်သွယ် ရခြင်တယ်။ မင်းနဲ့ တစက္ကန့်လေးတောင် ဝေးမနေချင် တာပါ။ စကားပြောတိုင်း မင်းလေးရီမောတဲ့ အသံကို ငါစွဲမက်ဆုံးပါ။ ငါ့အတွက်တော့ မင်းဟာမြတ်နိုးစရာနဲ့ချစ် စရာအကောင်းဆုံး မိန်းကလေး တစ်ယောက်ပေါ့။ မင်းနဲ့ငါနဲ့ ပျော်စရာအတိပြည့်တဲ့ အချစ်အိမ်လေးဆီ အရောက်သွားကြမယ်နော်။ မင်းကို အဲဒီအိမ်လေးဆီ ရောက်အောင်ခေါ်သွားမယ်။ ငါ့လက်ကို စွဲမြဲအောင်ကိုင် ထားနော်။ ဘ၀ခရီးက စိတ်ကူးယဉ်နေတာထက် ခက်ထန်တယ်တဲ့။ မင်းအတွက် ခက်ထန်ခြင်းတွေကို နုညံ့စေရ မယ်။ မာကျောခြင်းတွေ ပျော့ပြောင်းစေရမယ်။ မင်းကို ချစ်တဲ့အချစ်တွေနဲ့ ကြမ်းတမ်းတဲ့ ဘ၀ခရီးကို ပျော်စရာ ဖြစ်ဖန်ဆင်းလိုက်မယ်။ ယုံကြည်မှုတွေနဲ့ မင်းအချစ်တွေကို ငါမျှော်လင့်နေတယ်။

ချစ်သူ....မင်းကို တအားချစ်တယ်။

မင်းကို သိပ်ချစ်တဲ့ထွန်း (NLT)

ပန်းတပွင့်

အမြဲတမ်း မင်း

Thinking of you Graphics
ချစ်သူ ........

အပေါင်းပါ အကြောင်းမသာလို့၊
မလွဲသာ ခပ်ခွါခွါ နေရ ပေမဲ့၊
အစောတလျင် ကိုယ့်ဇောဘ၀င်မှာလေ၊

တွေးမိတယ်၊ မင်းအကြောင်းတွေကို၊
ကောင်းကင် ပြာပြာကြီးကို ငေးကြည့်ရင်း။

ဆွေးမိတယ်၊ မင်းနဲ့ တူတူလျှောက်ခဲ့တဲ့ လမ်းလေးကို၊
မြတ်ခင်း စိမ်းစိမ်းရဲ့ လွင်ပြင်ကို လှမ်းကြည့်ရင်း။

တမ်းတမိတယ်၊ မင်းနဲ့ တူတူ ထိုင်ခဲ့ကြတဲ့ ထိုင်ခုံလေးကို၊
ကြည်နူးနေကြတဲ့ စုံတွဲလေးတွေကို မြင်လိုက်တိုင်း။

မှန်းဆမိတယ်၊ မင်းလေးရဲ့ အနမ်းတွေကို၊
လေညှင်းလေးတွေ ပါးပြင်လေးကို ကြည်စယ်သွားတိုင်း။

Friday, July 10, 2009

ငါ့ရဲ့ အချစ်

မင်းကို အိုမင်းတဲ့ အထိ ချစ်နေမယ်

တွေးမိတဲ့ အေပရယ်

မင်းနဲ့ တူတူနေဘူးတဲ့ အေပရယ်နေ့၊

မင်းနဲ့ တူတူ ရှိဘူးတဲ့ အေပရယ်ည၊

မင်းနဲ့ တူတူ ကြည်နူးဘူးတဲ့ အေပရယ်လ၊

မင်းနဲ့ တ၀ကြီး ထိုင်ဘူးတဲ့ ထိုင်ခုံလေး၊

မင်းနဲ့ တူတူစားဘူးတဲ့ အသုတ်ဆိုင်ကလေး၊

မင်းနဲ့ တူတူ သွားခဲ့တဲ့ နေရာလေး၊

မင်းနဲ့ တူတူ စားခဲ့တဲ့ ထမင်းဝိုင်းလေး၊

ခု ငါတယောက် မင်းနဲ့ဝေးနေအချိန်၊

မဖြေနိုင်သော အလွမ်းတွေနဲ့

တွေးရင်း ရောက်ရောက်နေမိတယ်။


Thursday, July 9, 2009

ချစ်သူသို့ ပေးစာ

ချစ်သူရေ.....

မင်းနေကောင်းလား၊ မင်းကို အရမ်းသတိယတယ် ဆိုတာထက် ပိုလို့တမ်းတနေတယ် လွမ်းမိတယ်ဆိုရင် ယုံတမ်း စကားတခြုဖစ်နေမလား။ အချိန်တိုင်းမှာ သတိယနေမိတဲ့ ငါ့စိတ်ကို ထိန်းချုပ်လို့ မရဘူး။ အချစ်ဆိုတာ ဘာလဲလို့ ငါမသိပေမဲ့... အမြဲသတိယနေတဲ့စိတ်ကို အချစ်လို့ပြောရင်ရမလား။ ဒါဆိုရင် မင်းကို သတိယနေတာကချစ်လို့။ ချစ်လို့ သတိယ တာလည်း ဖြစ်မှာပေါ့။ ခုချိန်မှာ မင်းဘာတွေ လုပ်နေလဲ ငါသိချင်လိုက်တာ။ မနက်စာရော မင်း စားခဲ့လား။ မင်းက ကလေးလေး တစ်ယောက်မဟုတ်ပေမဲ့ မင်းအတွက် အစစအရာရာ အကုန်လုံးကို စိတ်ပူနေ တယ်။ ငါ့စိတ်ထဲမှာ မင်းကို ဘယ်လောက်ချစ်နေတယ်။ မင်းကို ဘယ်ထိ လွမ်းနေတယ်ဆိုတာ မင်းရော သိရဲ့ လား။

မင်းနဲ့ တွေ့ရမဲ့ အချိန်၊ မင်းအသံ ကြားရမဲ့အချိန်ကို ငါမျှော်နေပါတယ်ကွာ။
မင်းဟာ ငါ့ရဲ့ အသက်ပါပဲ။ မင်းမရှိလို့ မဖြစ်တော့တဲ့ ငါ့ဘ၀ကို မင်းအဖေါ်
ပြုပေးပါနော်လို့...........

အချစ်များစွာနဲ့

မင်းကို ရူးသွပ်စာချစ်နေတဲ့ထွန်း

မင်းမရှိရင်

သီချင်းမဲ့ ဂီတာ

Life Cycle

ညဥ့်ရဲ့အဖော်

ငါတွေးလိုက်တိုင်း
ရောက်ရောက်လာတာ မင်းပုံရိပ်၊
ငါရေးလိုက်တိုင်း
ပျောက်ပျောက်သွားတာ မင်းယုံစိတ်။

ငါစဉ်းစားလိုက်တိုင်း
ဝင်ဝင်လာတာ မင်းအကြောင်းတွေ၊
ငါတင်းထားမိတိုင်း
နှင်နှင်နေတာ မင်းအဟောင်းတွေ။

ငါအိပ်လိုက်တိုင်း
အိပ်စက်မရအောင်လုပ်နေတာ မင်းပဲလေ၊
ငါစိတ်အိုက်မိတိုင်း
စိတ်ပျက်တယ် ပြောနေတာ မင်းပဲလေ။

ငါတယောက်တည်း ညဥ့်တွေကို ဖြတ်သန်းရတိုင်း
ငါ့ရဲ့ အဖေါ်တွေဟာ ...

"မင်းပုံရိပ်၊
မင်းယုံစိတ်၊
မင်းအကြောင်း၊
မင်းအဟောင်း၊
အိပ်မရခြင်း၊
စိတ်ပျက်ရခြင်း၊" တွေပေါ့။

Wednesday, July 8, 2009

ငါ့ရဲ့ မင်းလေး

အချစ်လေး ....

မင်းလေးက ချစ်ဖို့ကောင်းတယ်၊
မင်းအချစ်ကြောင့် ကိုယ်ရူးရတယ်၊

မင်းလေးက အပြုံလေးနဲ့ လှတယ်။
မင်းအပြုံးကြောင့် ကိုယ်ရှုံးရတယ်။

မင်းလေးက ပန်းလေးတပွင့်လို နုညံ့လွန်းတယ်။
ပန်းလေးတပွင့်ကြောင့် ကိုယ်လေ လွမ်းတေးညဉ်းမိတယ်။

ချစ်ဖို့ကောင်းတဲ့ မင်းလေး၊ ငါ့ရင်မှာ စိတ်မချတော့ပြီ။
အပြုံးနဲ့လှတဲ့ မင်းလေး၊ င့ါရင်မှာ မြတ်နိုးမိနေပြီ။
နုညံ့လွန်းတဲ့ မင်းလေး၊ ငါ့ရင်မှာ တွယ်ငြိမိနေပြီ။

ချစ်ခွင့် ရချင်ပြီ

အချစ်နဲ့ နှုတ်ခမ်း

From kiss

အချစ်..............

လူတိုင်း ပြောနေကြတာ အချစ်၊

နှုတ်ခမ်းလေး ဖွင့်ဟနေကြတာ အချစ်၊

လူတိုင်း ပျော်ရွှင်နေကြတာ အချစ်၊

လူတိုင်း မောပန်းနေကြတာ အချစ်၊

နှုတ်ခမ်း .............

နှုတ်ခမ်းလေးနဲ့ အချစ်တွေ ဖလှယ်ကြတယ်၊

နှုတ်ခမ်းလေးနဲ့ အမုန်းတွေ ၀ယ်ယူကြတယ်၊

နှုတ်ခမ်းလေးမဲ့ကာ ချစ်သူတွေ ကြည်စယ်ကြတယ်၊

နှုတ်ခမ်းလေးရွဲ့ကာ မုန်းသူတွေ ရန်မူကြတယ်၊


အချစ်နဲ့ နှုတ်ခမ်းလေး ပေါင်းဆုံမိချိန်မှာတော့

အဖိုးက အဖွားကို ပြောဘူးတာလည်း အချစ်၊

အဖေက အမေ့ကို ပြောဘူးတာလည်း အချစ်၊

ကိုယ်က မင်းကို ပြောဘူးတာလည်း အချစ်၊

နှုတ်ခမ်းရှိသူတိုင်း ပြောဘူးကြတာ အချစ်၊

တကယ်တော့

အချစ်ကြောင့် နှုတ်ခမ်းလေး လှုပ်ရှားလာရတယ်။

နှုတ်ခမ်းလေးကြောင့် အချစ်ဆိုတာ သိလာရတယ်။

ရင်ခုန်ဘက်သို့ တမ်းချင်း

ရေ သံသရာ

အချစ် ဒဿန

အချစ် ........

၁။ မမြင်သာတဲ့ အရာဝတ္ထု၊

သို့သော်

ခံစားမှုနဲ့ ဆက်သွယ်နေတဲ့ အရာ၊

၂။ ထိတွေ့လိုလဲ မရနိုင်သည့် အရာ၊

ဒါပေမဲ့

မျက်ဝန်းနဲ့ ဆွဲငင်လို့ ရကောင်းသည့် အရာ၊

၃။ ဖန်တီးယူလို့ မရတဲ့ သဘာဝတခု၊

သို့သော်

နာကြည်းမှုနဲ့ေ၀၀ါးနိုင်သည့် အနေထားတခု၊

၎။ တန်ဖိုးကြီးမားသည့် ပစ္စည်း၊

ဒါပေမဲ့

သာယာမှုရဲ့ အသုံးတော်ခံ။

၅။ ဘ၀အတွက် လိုအပ်ချက်တခု၊

သို့သော်

ကံဆိုးသူအတွက်တော့ အဆိပ်သီးတခု၊

စိုးမိုးလွန်းသူ

စိတ်တခုရဲ့ အာရုံ၊
ရောက်လာတဲ့ ပုံရိပ်၊

တွေးမိတဲ့ အတွေး၊
ရေးမိတဲ့ ပုံလွှာ၊

နှလုံးသားမှာ
တေးမှတ်ကာ မထားသော်လည်း
ငါ့ရဲ့ အာရုံ
ငါ့ရဲ့ပုံရိပ်
ငါ့ရဲ့အတွေး
အားလုံးဟာ မင်းပုံလွှာတွေကြီးပါပဲ။

သစ်ပင် တပင်ရဲ့ အလှပန်းချီ

Tuesday, July 7, 2009

အကြည့်ရဲ့ ဒဿန

အကြည့် .......

အလို့ကြည့်တာလား?
ကြည့်လို့ အတာလား?

အချစ်နဲ့ ကြည့်တာလား?
ကြည့်လို့ ချစ်တာလား?

အမုန်းနဲ့ကြည့်တာလား?
ကြည့်လို့ မုန်းတာလား?

အလို့ကြည့်တော့ မောဟ၊
ကြည့်လို့ အတော့ လူ့အန္ဓ၊

အချစ်နဲ့ကြည့်တော လောဘ၊
ကြည့်လို့ ချစ်တော့ သမုဒယ၊

အမုန်းနဲ့ကြည့်တော့ ဒေါသ၊
ကြည့်လို့ မုန်းတော့ ကောဓ၊

ရင်ထဲက စကား

ချစ်သူ ......
ချစ်တယ်ဆိုတဲ့ စကားလုံးထက် လေးနက်သော စကားလုံးများရှိခဲ့ရင်
မင်းကို ဘယ်လောက်ချစ်လဲဆိုတာ ပြောပြချင်တယ်။

ချစ်သူ .......
လွမ်းတယ်ဆိုတဲ့ စကားလုံးထက် အဓိပ္ပါယ်ပိုတဲ့ စကားလုံးများရှိခဲ့ရင်
မင်ကို ဘယ်လောက်လွမ်းလဲဆိုတာ သိစေချင်တယ်။

ချစ်သူ ......
တွေ့ချင်တယ်ဆိုတဲ့ စကားလုံးထက် စွမ်းအားရှိတဲ့ စကားလုံးများရှိခဲ့ရင်
မင်းကို ဘယ်လောက် တမ်းတနေလဲဆိုတာကို ဖွင့်ဟချင်တယ်။

မင်းနဲ့ဝေးရတဲ့အချိန်တွေမှာ ရင်ထဲက ငါပြောနိုင်တာတွေဟာ
မင်းကို ချစ်တယ်။
မင်းကိုလွမ်းတယ်။
မင်းကိုတွေ့ချင်တယ်။ ဒါတွေပဲပေါ့။

ငါဖြစ်ချင်တဲ့ ဆန္ဒတစုံ

အလင်းရောင်