Thursday, July 16, 2009

ပေါက်ကွဲခြင်း

မင်းကို အသဲနစ်အောင်ချစ်ခဲ့တယ်။
မင်းကို ဘ၀တခုလုံးပုံ ချစ်ခဲ့တယ်။
မင်းကို ပျော်ရွှင်အောင် ချစ်ခဲ့တယ်။
မင်း စိတ် ငြိုငြင်မှာကို သိပ်ကြောက်ခဲ့တယ်။

မင်းကို အချိန်တိုင်းမှာ လွမ်းနေခဲ့တယ်။
မင်းကို အချိန်ပြည့် တမ်းတခဲ့တယ်။
မင်းကို စက္ကန့်မလပ် သတိယခဲ့တယ်။

မင်းကို အားလုံးထက် တွယ်တာခဲ့တယ်။
မင်းကို နှလုံးသားတခုလုံး ပုံအောပေးခဲ့တယ်။

ဒါပေမဲ့ .....

မင်းအချစ်က ငါ့အချစ်ကိုမမှီခဲ့ဘူး။
မင်းရဲ့ စိတ်တွေ ငါ့ဆီမရှိခဲ့ဘူး။
မင်းသံယောဇဉ်တွေ ပြေလျော့နေတယ်။

ဘာလို့လဲ ................

ငါ့ အချစ်ကပဲ တန်ဖိုးမရှိလို့လား။
ငါ့ အချစ်ကပဲ နည်းနေလို့လား။
ငါ့ အချစ်ကပဲ မစစ်လို့လား။
ကံဇာတာကပဲ မျက်နှာသာမပေးလို့လား။

ခုချိန်မှာ ငါ့ရင်တွေ သိပ်ပူလောင်နေတယ်။
မြိုသိပ်ထား သ၀န်တိုစိတ်တွေ ထပေါက်ကွဲနေတယ်။
အဲဒါ မင်းသိလား။

Tuesday, July 14, 2009

သိပ်ချစ်ရတဲ့ ချစ်သူ

ချစ်သူသို့ ပေးစာ

ချစ်သူ ....

မင်းကို တအားလွမ်းနေတယ်။ မင်းနေရောကောင်းလားကွာ။ အကိုမင်းဆီကို ဖုန်းဆက်တယ်။ မင်းမရှိဘူးတဲ့။ နေများမကောင်းလို့လားကွယ်။ မင်းမရှိဘူးဆိုတဲ့ စကားသံကို ကြားလိုက်ရတာ အင်အားတွေ အကုန်လုံး ကုန်ခမ်း သွားသလို ခံစားလိုက်ရတယ်။ မင်းရဲ့အသံလေးကိုကြားချင်တဲ့ စိတ်တွေ တောင်းတနေတဲ့အကို မင်းမရှိဘူး ဆိုတော့စိုးရိမ်တွေ တလိမ့်လိမ့်တက်လာတယ်။ အတွေးတွေနဲ့ပေါ့။ ဘာများဖြစ်လို့လဲပေါ့။ သိပ်ချစ်ရတော့ အရမ်း စိတ်ပူရတယ် ချစ်သူရယ်။ ကျန်းမာရေး ဂရုစိုက်နော်။ မင်းနဲ့အဆက်သွယ်မရတဲ့ နေ့တွေမှာ နေရတာအဆိုးဆုံးပဲ။ မင်းကိုလွမ်းတဲ့စိတ် မင်းကို တမ်းတတဲ့စိတ်တွေနဲ့ နာရီတွေကို ဖြတ်သန်းနေရတယ်။ ခုမင်းအသံလေးကို ကြားချင် လို့ ဖုန်းခေါ်တော့ မင်းနဲ့မတွေ့ရတော့ အကိုမှာ နေလို့ဘယ်ထိမလဲ။ ဘယ်လိုများ မင်းနဲ့အဆက်သွယ်လုပ်ရမလဲ။ ဖြစ်နိုင်ရင် အကိုမင်းဆီကို အပြေးလေးသွားလိုက်ချင်မိတယ်။ မင်းဖျားနေတယ်ဆိုရင် ပြုစုပေးချင်တယ်။ အကို့ ဆီကိုဆက်သွယ်ပါနော်။ အခုတော့ အကိုအလုပ်သိပ်များနေတယ်။ တကယ်လို့ အွန်လိုင်းမှာ အကို့ကိုမတွေ့ရင် မင်းကို ပစ်ထားတာမဟုတ်ဘူးဆိုတာ နားလည်ပေးနော်။ မင်းကိုအကို အချိန်တိုင်းမှာ သတိယနေတယ်။ အကို ဘာတွေလုပ်နေပါစေ စိတ်က မင်းဆီမှာ အမြဲရှိနေတယ်ဆိုတာသိပေးပါ။ မင်းအတွက် အကိုအခုတော့ စိတ်သိပ်ပူနေတယ် မေးပို့ပါ နော်။ မျှော်နေမယ်။ မနက်ဖြန် မင်းရုံးတက်မတက် မေးပို့စေချင်တယ်။ ဖုန်းဆက်မယ်နော်။ မင်းအသံလေးကို ကြားချင်တယ်။ မင်းကို သိပ်သိပ်ချစ်တယ် ချစ်သူရယ်။ မင်းမရှိလို့ အကို့တွက် မဖြစ်ဘူး။မင်း ဟာ ငါ့အတွက်တော့ မရှိမဖြစ်တဲ့ လူပါကွယ်။

မင်းအတွက် သိပ်စိတ်ပူနေတဲ့ ချစ်သူ နေလင်းထွန်း

Sunday, July 12, 2009

အချစ်စိတ် ယိုဖိတ်ခြင်း

ဒီနေ့ည
မင်းရဲ့စကားသံ၊
တိုးတိုးလေး ငါကြားလိုက်တယ်။

မင်းရဲ့နမ်းရှိုက်သံ၊
သင်းပျံ့ပျံ့ ငါရလိုက်တယ်။

မင်းရဲ့မောဟိုက်သံ၊
ညှင်သာသာ ငါနားစွင့်လိုက်တယ်။

မင်းရဲ့အနမ်းတွေ၊
ထင်ရှားရှား ငါတွေ့မိလိုက်တယ်၊

မင်းရဲ့မိန်းမောခြင်းတွေ၊
မပီဝိုးတ၀ါး ငါသိလိုက်ရတယ်။

မင်းရဲ့ဆံနွယ်လေးကို၊
ယုယုယယ ငါရှိုက်လိုက်ရတယ်၊

မင်းရဲ့လည်တိုင်လေးကို၊
တမ်းတမ်းတတ ခိုက်မိသွားတယ်။

မင်းရဲ့ နှုတ်ခမ်းပါးအစုံမှာ၊
အားပါးတရ နစ်မြုပ်သွားတယ်။

မင်းရဲ့ ထူပါစုံမို့မို့လေးမှာ၊
အငမ်းမရ လဲကျသွားတယ်။

မင်းလေးရဲ့ နှုတ်ခမ်းစုံမို့မို့လေးပေါ်မှာ၊
ငါ့အချစ်စိတ်တွေ၊ စိုစွတ်စွတ်
နွမ်းလျ အိပ်ပျော်သွားတော့တယ်။