Sunday, July 12, 2009

အချစ်စိတ် ယိုဖိတ်ခြင်း

ဒီနေ့ည
မင်းရဲ့စကားသံ၊
တိုးတိုးလေး ငါကြားလိုက်တယ်။

မင်းရဲ့နမ်းရှိုက်သံ၊
သင်းပျံ့ပျံ့ ငါရလိုက်တယ်။

မင်းရဲ့မောဟိုက်သံ၊
ညှင်သာသာ ငါနားစွင့်လိုက်တယ်။

မင်းရဲ့အနမ်းတွေ၊
ထင်ရှားရှား ငါတွေ့မိလိုက်တယ်၊

မင်းရဲ့မိန်းမောခြင်းတွေ၊
မပီဝိုးတ၀ါး ငါသိလိုက်ရတယ်။

မင်းရဲ့ဆံနွယ်လေးကို၊
ယုယုယယ ငါရှိုက်လိုက်ရတယ်၊

မင်းရဲ့လည်တိုင်လေးကို၊
တမ်းတမ်းတတ ခိုက်မိသွားတယ်။

မင်းရဲ့ နှုတ်ခမ်းပါးအစုံမှာ၊
အားပါးတရ နစ်မြုပ်သွားတယ်။

မင်းရဲ့ ထူပါစုံမို့မို့လေးမှာ၊
အငမ်းမရ လဲကျသွားတယ်။

မင်းလေးရဲ့ နှုတ်ခမ်းစုံမို့မို့လေးပေါ်မှာ၊
ငါ့အချစ်စိတ်တွေ၊ စိုစွတ်စွတ်
နွမ်းလျ အိပ်ပျော်သွားတော့တယ်။

No comments:

Post a Comment