Monday, February 22, 2010

ဒို့နှစ်ယောက် အိပ်မက်

ဒို့နှစ်ယောက်ရဲ့ အိပ်မက်
အေပရယ် ပိတောက်နဲ့အတူ
မိုးစက်ပေါက်တွေကြောင့်
အဖူးအညောင့်တွေ ဝေ။

ဒို့နှစ်ယောက်ရဲ့ အနာဂတ်
အေပရယ် နှစ်သစ်နဲ့အတူ
မင်းဆီကို ကိုကိုရောက်လာလို့
အနမ်းသစ်တွေ ချွေ။

ပြည့်လျှံနေသော ငါ့အချစ်
အထီးကျန်နေတဲ့ ငါ့အဖြစ်
မကြာခင် အေပရယ်ရောက်ခဲ့ရင်
မင်းနဲ့ငါ မေတ္တာဆက်လို့
အိပ်ယာထပ်မှာ တူတူခွေ။