Tuesday, October 20, 2009

မျှော်လင့်ခြင်းလေး





















မင်းကို လွမ်းရတဲ့ အလွမ်း၊
နေမထိအောင်လွမ်း၊ ရင်ချည့်ကာနွမ်း။

လက်ချိုးကာရေတွက်၊ မျှော်လင့်လေသူရဲ့၊
တွေ့ဖို့ ရက်တွေကဝေး၊ နာရီတွေက နှေး။

မေးလည်းရောက်မလာ၊ ရင်ထဲကဟာ၊
တွေ့ချင်စိတ်ကတိုး၊ မျှော်လင့်သူအဖြစ်ကဆိုး။

လွမ်းစိတ်က ပြင်းပြ၊ တိုးတိတ်တိတ် သတိယ၊
ချစ်သူအကြောင်းကိုတွေး၊ ငါ့အတွက်တော့ မျှော်လင့်ခြင်းလေး။