Sunday, March 7, 2010

မင်း မရှိရင် မဖြစ်နိုင်လို့ပါ

ချစ်သူ

စိတ်ဆိုးလို့ မင်းပစ်ထားတဲ့အခါ
ငါ အသဲတွေတုန် ဘ၀ဟာ ရေစုံမှာ မျှောနေသလိုပဲ။

မင်း စိတ်ကောက်လို့ ငါချော့မရတဲ့အခါ
ငါ့ စိတ်တွေချောက်ခြား ဘ၀ဟာ ပျောက်သွားသလိုပဲ။

တခါတခါ မင်းကို စ,နောက် မိ၊ စကားပြောကို မဆင်ခြင်မိ
ချစ်လိုဇောနဲ့ ကြည်စယ်၊ အရိပ်သုံးပါးကို နားမလည်

နားလည်မှုတွေလွဲ၊ ဒေါသတွေ တဆဆကဲ
တောင်းပန်လဲမရ၊ ချော့လို့လဲ မရ

ကြည်စယ်လွန်မိ၊ ကျနော် အပြစ်ရှိသဖြင့်
ဒူးထောက်ကာ တောင်းပန်ချင်ပါတယ်

" အချစ်တွေ မပြယ်လိုက်ပါနဲ့၊
အတိတ်ကို မဆယ်လိုက်ပါနဲ့
ငါ့ အသက်ဟာ မင်း
ငါ့ ဘ၀ဟာ မင်း
မင်း မရှိရင် ငါ မဖြစ်နိုင်လို့ပါ"

Monday, February 22, 2010

ဒို့နှစ်ယောက် အိပ်မက်

ဒို့နှစ်ယောက်ရဲ့ အိပ်မက်
အေပရယ် ပိတောက်နဲ့အတူ
မိုးစက်ပေါက်တွေကြောင့်
အဖူးအညောင့်တွေ ဝေ။

ဒို့နှစ်ယောက်ရဲ့ အနာဂတ်
အေပရယ် နှစ်သစ်နဲ့အတူ
မင်းဆီကို ကိုကိုရောက်လာလို့
အနမ်းသစ်တွေ ချွေ။

ပြည့်လျှံနေသော ငါ့အချစ်
အထီးကျန်နေတဲ့ ငါ့အဖြစ်
မကြာခင် အေပရယ်ရောက်ခဲ့ရင်
မင်းနဲ့ငါ မေတ္တာဆက်လို့
အိပ်ယာထပ်မှာ တူတူခွေ။

Thursday, February 18, 2010

မင်း နှုတ်ခမ်းလေး

မင်း အသံလေး ကြားရတိုင်း
လွမ်းသမျှတွေ ပြေ။

မင်း အသွင်ကို မြင်ရတိုင်း
ချစ်သမျှတွေ ဝေ။

မင်း စိတ်ကောက်လေတိုင်း
တိုးတိုး ချစ်လို့နေ။

မင်းကို သ၀န်တိုလေတိုင်း
နမ်းချင်မိတာ မင်းနှုတ်ခမ်းပဲလေ။

Friday, February 12, 2010

ဗိုလ်အောင်ဆန်း

ဖေဖ၀ါရီ ၁၄



ချစ်သူများနေ့ ဖေဖ၀ါရီ ၁၄ အတွက် ချစ်သူသို့ လက်ဆောင်


ချစ်သူအတွက် လက်ဆောင်

ဖေဖ၀ါရီ ၁၃




















ဖေဖ၀ါရီ တစ်ဆယ့်သုံး
အတိတ် သမိုင်းကို သတိယဆုံး။

ဗိုလ်တေဇတဲ့ အာဇာနည်
မြန်ပြည်သားတို့ ချစ်ကြသည်။

ရာဇ၀င်သမိုင်းတစ်ခေတ်
ဆန်းသစ်လာပေ။

ဒို့ပြေ ဒို့မြေ ဒို့ရဲ့အခြေတွေ
တည်ဆောက်ခဲ့ရပေ။

နားမျက်စိတွေ ဖွင့်လှစ်ခဲ့ပေ
လွတ်လပ်တဲ့ ဒို့ရဲ့ စံဋ္ဌာနေ။

ယနေ့တော့ မြန်မာတွေ
ဗိုလ်ချုပ်အောင်ဆန်းကို
မမေ့သင့်ပါလေ။

Sunday, February 7, 2010

အလွမ်း

ချစ်သူ

အလွမ်းတဲ့...

အလွမ်းတွေက အကို့ကို လွမ်းစေတယ်

အကို့ ရင်ကို ဟာနေအောင် ခံစားစေတယ်

အလွမ်းက သင်ဇာကို တမ်းတစေတယ်

အလွမ်းရိပ်အောက်မှာ အလွမ်းဝေဒနာတွေက

အချစ်ပိုင်ရှင်မလေးကို တအားလွမ်းနေတယ်

ပြန်လာပါတော့ ချစ်မဒီလေးရယ်

ကိုကို လွမ်းလှပါပြီ။