Saturday, December 12, 2009

သီချင်းလက်ဆောင်

ကောင်မလေး

ဒီတညတော့ ကောင်မလေးရာ
သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ
ဂစ်တာလေးတလက် ကိုယ်ထမ်းလို့သာ .. မင်းလေးအိပ်ပြီလား

မအိပ်သေးနဲ့ ကောင်မလေးရာ
ဒီသီချင်းလေး ခံစားပေးပါ
ကောင်မလေးအတွက် ကိုယ်ရေးထားတာ .. မီးလေးဖွင့်ပါဦး

ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ
လေပြေလေးနဲ့ ကိုယ်သီချင်းညည်းတာ
လေပြေကြားလို့ စိတ်ဆိုးတဲ့အခါ .. မင်းလေး ပြောကူဦး

တညလုံးလဲ ဆိုနေဦးမှာ
သံစဉ်ညည်းလို့ ကိုယ်မောတဲ့အခါ
အသံမကြားလို့ အိပ်မသွားနဲ့ကွာ .. ဒီိတချက်တော့ တောင်းပန်တယ် ကလေးလေးရယ် ။

မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ
အမြဲတမ်းပဲ မင်းလေးအတွက်ပါ .. ကလေးရာ

ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ
ကလေးလေးအနား ရောက်ခဲ့တဲ့ အခိုက်မှာ

လွမ်းတယ် လွမ်းတယ် လွမ်းတယ်
အမြဲတမ်းလွမ်းနေတယ် .. အခြေအနေပေးခဲ့ရင် အချိန်တိုင်း တွေ့ချင်တယ် ။
အခြေအနေပေးခဲ့ရင် .. နေ့တိုင်း ... တွေ့ချင်တယ်

Friday, December 11, 2009

သင်ဇာအတွက် မွေးနေ့လက်ဆောင်

သင်ဇာ

၁၂-၁၂-၃၀၀၉-မှာ ရောက်ရှိလာတဲ့ သင်ဇာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
အကိုအချစ်များနဲ့အတူ သင်ဇာ သာယာပျော်ရွှင်သော နေ့သစ် ရက်သစ်တွေ
ပိုင်ဆိုင်ပါစေ။

သင်ဇာမွေးနေ့မှာ အကိုလေ သစ္စာ (၁၀) ချက်ပြုပါတယ်။

(၁) သင်ဇာကို မြတ်နိုးယုယစွာ တသက်လုံးချစ်ပါမည်။
(၂) သင်ဇာကို အချစ်မေတ္တာများနဲ့ လုံခြုံစွာ ထွေးပွေ့စောင့်ရှောက်ပါမည်။
(၃) သင်ဇာကို နာလည်မှုများဖြင့် အပြုံးပန်းတွေ ပန်ဆင်ပေးပါမည်။
(၄) သင်ဇာ၏လက်အစုံကို ယုယုယယ ဆုပ်ကိုင်ထားပါမည်။
(၅) သင်ဇာ၏ မျက်ဝန်းတွင် အလိုမကျမှုများ ကင်းဝေးအောင် ထားပါမည်။
(၆) သင်ဇာအတွက် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်စေရမည်။
(၇) သင်ဇာအတွက် သာယာသော အချစ်အိမ်လေး တည်ဆောက်ပေးပါမည်။
(၈) သင်ဇာဘ၀ ထာဝရ အေးချမ်းစေရမည်။
(၉) သင်ဇာသည်သာ အကိုရဲ့ ထာဝရ နတ်သမီးလေး ဖြစ်စေရမည်။
(၁၀) သင်ဇာကို ကျော်လွန်၍ အခြားမိန်းမများအပေါ် စိတ်ကူးဖြင့်သော်မှ
မကျူးလွန်စေရပါ။

ဤသစ္စာ ဆယ်ချက်သည် သင်ဇာအတွက် အကိုရဲ့ မွေးနေ့ လက်ဆောင်ပါ။
သင်ဇာအတွက် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။

Happy Birthday Honey!!

Thursday, December 10, 2009

ဒီဇင်ဘာ အိပ်မက်

ချစ်သူ ရောက်လာတော့မဲ့ မင်းရဲမွေးနေ့မှာ ငါလေး မင်းနဲ့အတူရှိချင်လိုက်တာ။
မင်းမွေးနေ့တင်မဟုတ်ပါဘူး အချိန်တိုင်းမှာ မင်းအနားနား ငါလေရှိနေချင်တာ။
မင်းမွေးနေ့ရောက်လာတိုင်း ငါကအဝေးမှာပဲ ရှိနေရတယ်။ ငါလေတကယ်
ခံစားရတယ်။ စိတ်ညစ်ရတယ်။ ဒီဇင်ဘာဆောင်းနဲ့အတူ မင်းမွေးနေ့မှာ
မင်းခါးလေးကိုဖက် မွေးနေ့အနမ်းလေး ပေးလိုက်ချင်တယ်။ ၁၂-၁၂-ဆိုတဲ့
ရက်စွဲလေးကို ငါလေ ဘယ်လိုဖြတ်သန်းရမလဲ..ငါတကယ် အင်အားမရှိဘူး။

ငါလေ စိတ်ကူးယဉ်မိတယ်... တကယ်လို့သာ ၁၂-၁၂ဆိုတဲ့ နေ့ရက်အတွက်
မင်းနဲ့တူတူရှိနေရရင် ၁၁-ရက်ညရဲ့ ၁၂နာရီ တစ်မိနစ်မစွန်းခင် စက္ကန့်တံလေး
၁၂ရက်သို့ ကူးဖို့ အင်အားယူဆဲ..အဲဒီအချိန်လေးမှာ Happy Birthday Honey
လို့ပြောဖို့ ငါလေ မအိပ်ပဲ မင်းဘေးနားမှာ တညလုံးထိုင်စောင့်နေမိမှာ.............

အသံကြားလို့ လန့်နိုးလာတဲ့ မင်းကို ငါလေ နွေးထွေးစွာထွေးပွေ့ ငါ့ရင်ငွေ့တွေနဲ့
မင်းကို ငါသိပ်ချစ်တယ်ကွယ်လို့ ပြောရင်း အိပ်ပျော်အောင် ချော့သိပ်မိဦးမှာ။

မနက်မိုးသောက် အလင်းရောက်တာနဲ့ မျက်နှာသစ်ဖို့ အစဉ်သင့် ရေချိုးပေးဖို့
အဆင်သင့်ငါလေ ပြင်ဆင်ထားပေးမိမှာ။ ဒီဇင်ဘာအအေးနဲ့ ဒီဇင်ဘာမွေးဖွားတဲ့
ငါ့ချစ်သူကိုဒီဇင်ဘာလေမတိုးမိအောင် ဒီဇင်ဘာအနွေးထည်းလေး ၀တ်ပေးမိမှာပါ။

ချစ်သူကြိုက်တဲ့ ကော်ဖီ၊ အကိုကြော်တတ်တဲ့ ကြက်ဥကျော်နဲ့ မနက်စာကျွေးပြီး
ချစ်သူ ကုသိုလ်ရဖို့ အကိုလေ ဘုရားပန်းတွေဝယ် ဆီမီးတွေထွန်း ချစ်သူ ဘဝ
အလင်းရစေဖို့ တက္ကဆီကားငှားပြီး မင်းနဲ့ကိုယ် ပထမဆုံး တွေ့ဆုံခဲ့တဲ့ ရွှေတိဂုံ
ဘုရားကို လိုက်ပို့ဦးမှာပါ။

နှစ်ကိုယ်တူ ဘုရားထံမှာ ၀တ်ပြု ချစ်သူအတွက် ဆုတွေတောင်း၊ နှစ်ကိုယ်တူ
ဘ၀တွေထပ်၊သစ္စာရေဆက်လို့ ချစ်သူပျော်နေတာလေးကို အကိုလေ
ထိုင်ကြည့်နေမိမှာ။

နောက်....မင်းနဲ့ကိုယ် လိပ်စာတွေကြွေး မင်းမျက်နှာကို ငေးကြည့်မိခဲ့တဲ့
ဘိုတစ်ထောင်ဘုရားကိုလည်းသွားရောက်ကာဖူး၊ လိပ်စာတွေလည်းကြွေးဖို့
လိုက်ပို့ဦးမှာပဲ။

အကို... ဘယ်သွားချင်တယ်ကွာ.. ဘာစားချင်တယ်လို့ မင်းပြောတဲ့
စကားလုံးတွေကိုလည်း လိုက်နာဖို့လည်း အဆင်သင့်လည်း ဖြစ်နေဦးမှာ။

ညနေရောက်ရင် သူငယ်ချင်းတွေကိုဖိတ် ကန်တော်ကြီးရဲ့ ထိပ်တနေရာမှာ
မင်းအတွက် ပျော်စရာ ညနေစားပွဲလေး လုပ်ပေးပြီး မင်းကို ငါဘယ်လောက်ချစ်တဲ့အကြောင်းမင်းသူငယ်ချင်းတွေ ကြားမှာ
ငါလေ ရင်ထဲက စကားတွေကိုထုတ် မင်းပါးပြင်လေးကို နမ်းစုပ်မိမှာ။

သူငယ်ချင်းတွေက နှုတ်ဆက်တိုင်း မင်းကောင်လေးက မင်းကိုသိပ်ချစ်တာပဲလို့
ပြောလာမဲ့ စကားသံလေးကိုနားစွင့် လေထဲလွင်နေတဲ့ မင်းအပြုံးလေးကိုငါလေ
မျက်တောင်မခတ် ကြည့်နေမိမှာပါ။

အချိန်တန်လို့ အိပ်ပြန်ရောက်ရင် တနေ့တာ ချစ်သူပင်ပန်းသမျှတွေကို
အပန်းဖြေဖို့ချစ်သူကိုပွေ့ဖက် အိပ်ယာစက်မှာ ကြင်နာစွာ ပြုစုပေးမိမှာပါ။

ပင်ပန်းလို့ အိပ်စက်သွားတဲ့ ချစ်သူကို ဘေးနားမှာ ထိုင်ကြည့် ၁၂ရဲ့ ၁၂နာရီ
မထိုးခင်ထိမင်းမျက်နှာလေးကြည့်ပြီး မွေးနေ့ဆုတောင်း သီချင်းတွေ
တပုဒ်ပြီးတပုဒ် တိုးတိုးလေး သီဆိုပေးနေမိမှာပါ ချစ်သူရယ်။

ဒီဇင်ဘာအလွမ်းနဲ့ အေပရယ်အနမ်း

ကျနော်အတွက် ......

ဒီဇင်ဘာဆောင်းလေနဲ့အတူ
ဒီဇင်ဘာ ဆောင်းနှင်းများကြားမှာ
ဒီဇင်ဘာလို အေးမြတဲ့
ဒီဇင်ဘာ နတ်သမီးလေး
ဖွားမြင်ခဲ့တယ်။


ဒီဇင်ဘာမှာမွေးခဲ့လို့
ဒီဇင်ဘာအလှတွေနဲ့
ဒီဇင်ဘာနတ်သမီးလေး
လှချင်တိုင်း လှနေခဲ့တယ်။

အလှတရားတွေပို
အကြင်နာတရာတွေ စိုနေတဲ့
ဒီဇင်ဘာ နတ်သမီးလေးကို
ကျနော်ချစ်ခဲ့မိတယ်။

ဒီဇင်ဘာနတ်သမီးလေးကို
ဒီဇင်ဘာ ဆောင်းနှင်းကြားမှာ
ဒီဇင်ဘာအနမ်းတွေ မပေးခဲ့ပေမဲ့


ဒီဇင်ဘာရောက်လာတော့
ဒီဇင်ဘာ အအေးဓာတ်က
ဒီဇင်ဘာ နတ်းသမီးလေးရဲ့
အေပရယ်အနမ်းလေးတွေကို
ဒီဇင်ဘာ အလွမ်းတွေနဲ့
ညတိုင်းညတိုင်း
သတိယစေခဲ့တယ်

Tuesday, December 8, 2009

အမြဲပျော်နေစေချင်

ချစ်သူ ..

မမြင်ရပေမဲ့...
မင်းပျော်နေတာ ငါ..သိတယ်။

မင်းရပ်ဋ္ဌာနေ မင်းမိဘတွေနဲ့
မင်းဆွေမျိုးတွေကြားမှာ
မင်းစိတ်တွေ တက်ကြွနေတယ်။

မင်းအသံလေးကို လေလှိုင်းမှ
ကြားလိုက်ရတဲ့ အသံတွေက သက်သေပေါ့။

ငါ မြင်ချင်နေတာ အဲဒီပုံစံလေးပေါ့။
မင်းကို အမြဲပျော်နေစေချင်တာလေ။

ငါမက်ထားတဲ့ ငါအိပ်မက်လေး
တကယ်မက်ခွင့်ရလာတဲ့ တနေ့
မင်း သိပ်ပျော်မယ်ဆိုတာ ငါသိတယ်။

ချစ်သူ ...
မင်း ပျော်နေဖို့အတွက်
ငါ့ရဲ့ အချစ်
ငါ့ရဲ့ မေတ္တာ
ငါ့ရဲ့ ယုယမှုတွေနဲ့အတူ
မင်းဆီကို မကြာခင် အရောက်လာခဲ့မယ်။

အဲဒါ ...
မင်းကိုချစ်လို့ ...နောက်...
မင်း အမြဲပျော်နေစေချင်လို့ပေါ့။