Saturday, December 12, 2009

သီချင်းလက်ဆောင်

ကောင်မလေး

ဒီတညတော့ ကောင်မလေးရာ
သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ
ဂစ်တာလေးတလက် ကိုယ်ထမ်းလို့သာ .. မင်းလေးအိပ်ပြီလား

မအိပ်သေးနဲ့ ကောင်မလေးရာ
ဒီသီချင်းလေး ခံစားပေးပါ
ကောင်မလေးအတွက် ကိုယ်ရေးထားတာ .. မီးလေးဖွင့်ပါဦး

ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ
လေပြေလေးနဲ့ ကိုယ်သီချင်းညည်းတာ
လေပြေကြားလို့ စိတ်ဆိုးတဲ့အခါ .. မင်းလေး ပြောကူဦး

တညလုံးလဲ ဆိုနေဦးမှာ
သံစဉ်ညည်းလို့ ကိုယ်မောတဲ့အခါ
အသံမကြားလို့ အိပ်မသွားနဲ့ကွာ .. ဒီိတချက်တော့ တောင်းပန်တယ် ကလေးလေးရယ် ။

မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ
အမြဲတမ်းပဲ မင်းလေးအတွက်ပါ .. ကလေးရာ

ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ
ကလေးလေးအနား ရောက်ခဲ့တဲ့ အခိုက်မှာ

လွမ်းတယ် လွမ်းတယ် လွမ်းတယ်
အမြဲတမ်းလွမ်းနေတယ် .. အခြေအနေပေးခဲ့ရင် အချိန်တိုင်း တွေ့ချင်တယ် ။
အခြေအနေပေးခဲ့ရင် .. နေ့တိုင်း ... တွေ့ချင်တယ်

No comments:

Post a Comment