Friday, January 29, 2010

ချစ်သူ အနားသာ ....

ချစ်သူ အနားမှာ နေရတဲ့နေ့

ချစ်သူရဲ့ ချစ်စရာကောင်းတဲ့ နှစ်လိုဖွယ် အပြုံးလေးကို

တ၀ကြီး ထိုင်ကြည့်နေလိုက်မယ်။

ချစ်သူကို ရင်ခွင်ထဲမှာ ထွေးပိုက်ထားပြီး ချစ်တဲ့အကြောင်းတွေ

တ၀ကြီးပြောနေလိုက်မယ်။

ချစ်သူရဲ့ လက်အစုံလေးတွေကို ယုယုယယ စုပ်ကိုင်ထားလိုက်မယ်။

ချစ်သူရဲ့ နဖူးပြင်ကို မြတ်နိုးစွား အနမ်းပေးမယ်။

စွဲမက်စရာကောင်းတဲ့ ချစ်သူ နှုတ်ခမ်းစုံလေးကို

မနားတမ်း မက်မောစွာ စုပ်ယူထားမယ်။

အကို့ ပခုံးထက်မှာ ချစ်သူမေးလေးကို မှေးတင်ပြီး သီချင်းဆိုပြမယ်။

ချစ်သူ ခါးသွယ်လေးကို အားပါးတရ ပွေ့ဖက်ထားမယ်။

ချစ်သူရဲ့ လည်တိုင်လေးကို စုံမက်စွာ ကစ်ပေးမယ်။

သွားအတူ လာအတူ စားအတူ အိပ်အတူ တူတူ နေလိုက်ချင်တယ်။

အချိန်တိုင်းမှာ ချစ်သူကို အနားမှာထားပြီး

လိုအပ်တာတွေ ဖြည့်ဆည်းပေးချင်တယ်။

ချစ်သူနဲ့ ပတ်သက်လာရင် ဘာမဆို အကုန်လုပ်ပေးနေချင်တယ်။

ချစ်သူပြောသလို ဆိုးဆိုးကောင်းကောင်း နှစ်ဦးသဘောတူ

ဘ၀ကို ကျော်ဖြတ် ချစ်သူကို အလိုလိုက်ပါမယ် ချစ်သူရယ်။

အချစ်တွေကိုလည်း တနေ့ထက်တနေ့ တိုးတိုးချစ်ပါမယ်။

Monday, January 25, 2010

အချစ်စစ်နဲ့ ဖန်ဆင်းမယ်

မင်းအသိတွေ တွေဝေနေလား
အတိတ်ကို သတိယမိတဲ့အခါ

မင်းစိတ်တွေ မွန်းကြပ်နေလား
ညစ်စရာတွေ ဖိစီးတဲ့ အခါ

မင်းအသိတွေ တွေဝေတာပဲ ဖြစ်ဖြစ်
မင်းစိတ်တွေ မွန်းကြပ်တာပဲ ဖြစ်ဖြစ်

မင်း အသိကို ငါ နားလည်တယ်
မင်း စိတ်ကို ငါ ဖတ်တတ်တယ်

တွေဝေတဲ့ မင်း အသိကို
ငါ့ အကြင်နာတွေနဲ့ အမြင်ရှင်းပေးမယ်

မွန်းကြပ်တဲ့ မင်း စိတ်ကို
ငါ့ အချစ်တွေနဲ့ လွတ်မြောက်စေမယ်

တကယ်တော့ ချစ်သူရယ်
အတိတ်ဆိုတာ အရိပ်အဖြစ် ကျန်ရစ်မယ်
ဘ၀ဆိုတာ အချစ်စစ်အဖြစ် ဖန်သင့်တယ်။

Sunday, January 24, 2010

၁၁-ခုမြောက် ချစ်သူအတွက် လက်ဆောင်

ချစ်သူအပေါ်ကို တသက်လုံး ကျနော်
ရင်တွင်း မကျေနပ်ခြင်းများဖြင့် မဆက်ဆံပါ။

နုညံသော အပြုံးများဖြင့်သာ ဆက်ဆံပါမည်။

ချစ်သူကို တင်းမာသော အကြည့်များဖြင့်
ယ်တော့မှ မကြည့်ရှု့ပါ။

ချစ်သော ကြင်နာသော မျက်ဝန်းအစုံဖြင့်သာ
ကြည့်ရှုပါမည်။

ခရီးဆက်ကြစို့

ချစ်သူ

မင်း စိတ်ညစ်တဲ့ အခါ
ငါ့ ရင်ထဲမှာ
စိုးရိမ်စိတ်တွေ တရိပ်ရိပ်တက်လာတယ်။

တခါတခါ
ငါ အသိစိတ်တွေ
လွင့်ကာ လွင့်ကာ ပျောက်သွားတယ်။

မှန်တာကို သစ္စာ
အကြင်နာဟာ မင်းအတွက်ပါ ချစ်သူ။

စိုးရိမ်မကင်းတဲ့ ငါ့ အသိစိတ်
မင်းကို ရစ်မူးတဲ့ င့ါ အချစ်စိတ်

ကာလတွေ ဘယ်လိုပြောင်းပြောင်း
အချိန်တွေ ဘယ်လိုနှောင်းနှောင်း

ရှေ့ဆက် မင်းစိတ်မညစ်ဖို့
မင်းနဲ့ငါ
အတိတ်ကိုမေ့
အပြစ်တွေ ဘေးချိတ်ပြီး
ခရီးဆက်ကြစို့နော်။