Sunday, January 24, 2010

ခရီးဆက်ကြစို့

ချစ်သူ

မင်း စိတ်ညစ်တဲ့ အခါ
ငါ့ ရင်ထဲမှာ
စိုးရိမ်စိတ်တွေ တရိပ်ရိပ်တက်လာတယ်။

တခါတခါ
ငါ အသိစိတ်တွေ
လွင့်ကာ လွင့်ကာ ပျောက်သွားတယ်။

မှန်တာကို သစ္စာ
အကြင်နာဟာ မင်းအတွက်ပါ ချစ်သူ။

စိုးရိမ်မကင်းတဲ့ ငါ့ အသိစိတ်
မင်းကို ရစ်မူးတဲ့ င့ါ အချစ်စိတ်

ကာလတွေ ဘယ်လိုပြောင်းပြောင်း
အချိန်တွေ ဘယ်လိုနှောင်းနှောင်း

ရှေ့ဆက် မင်းစိတ်မညစ်ဖို့
မင်းနဲ့ငါ
အတိတ်ကိုမေ့
အပြစ်တွေ ဘေးချိတ်ပြီး
ခရီးဆက်ကြစို့နော်။

No comments:

Post a Comment