Tuesday, January 19, 2010

မင်း မသိဘူးလား

မင်း စိတ်ကောက်လေတိုင်း
စက္ကန့်တိုင်းမှာ ငါ အနေရခက်

"စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ
ငါ ပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ"

သီချင်းလေးကို အမြဲ သတိယမိတာ
မင်းနှုတ်ခမ်းမှာ အပြုံးရိပ် သမ်းလာ

ငါ ရင်မှာ တကယ် စူးနစ်စွာ
အချစ်စိတ်တွေ တိုးတိုး ၀င်လာတာ

ချစ်သူရေ...
မင်း မသိဘူးလား။

No comments:

Post a Comment