Tuesday, January 19, 2010

မင်း မသိဘူးလား

မင်း စိတ်ကောက်လေတိုင်း
စက္ကန့်တိုင်းမှာ ငါ အနေရခက်

"စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ
ငါ ပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ"

သီချင်းလေးကို အမြဲ သတိယမိတာ
မင်းနှုတ်ခမ်းမှာ အပြုံးရိပ် သမ်းလာ

ငါ ရင်မှာ တကယ် စူးနစ်စွာ
အချစ်စိတ်တွေ တိုးတိုး ၀င်လာတာ

ချစ်သူရေ...
မင်း မသိဘူးလား။

Sunday, January 17, 2010

စိတ်မဆိုးပါနဲ့ ချစ်သူရယ်

ချစ်သူ

သိပ် သတိယနေတယ်။ မနေ့ညက စိတ်ဆိုးပြီး အွန်လိုင်းကနေ
အောက်သွားတာလား။ ကော်နက်ရှင်ဒေါင်းသွားတာလား။ အကို့ကို
စိတ်ဆိုးသွားလားလို့ တွေးကာ ပူမိတယ် သိလား။ တခါတခါ မင်း
စိတ်ကောက်တာလေးက သိပ်ချစ်ဖို့ကောင်းတယ်။ မင်းကိုချော့နေရ
တာ စိတ်လှုပ်ရှားရတယ်။ စကားလုံးပေါင်းများစွာ မင်းနားထဲရောက်
အောင် ကြိုးစားနေရတဲ့ ငါ့အဖြစ်က မင်းနှုတ်ခမ်းလေး ပြုံးရောင်
သမ်းလာတဲ့အခါ သိပ်ပျော်မိတယ်။

မင်းအပြုံးလေးတွေက ငါ့ရဲ့နှလုံးကို စွဲငင်ထားတယ်။ မင်းစိတ်ကောက်
တာလေးတွေက ငါ့အချစ်ကို ကြည်စယ်လွန်းတယ်။ မင်းမရှိလို့ ငါကျန်ရစ်
တဲ့အခါ မင်းပုံရိပ်လေးတွေက ငါ့ဘေးနားမှာ တ၀ဲလည်လည် အဖေါ်ပြုပေး
နေတယ်။ တကယ်တော့ မင်းပုံရိပ်အောက်မှာ ငါဟာ ရုန်းမထွက်နိုင်တော့
ဘူး။ ခု ငါလေ မင်းအကြောင်းကို တွေး၊ မင်းပုံရိပ်ကို ကြည့်၊ မင်းစကားလုံး
တွေကို သတိယနေမိတယ်။ မင်းကိုမှ မင်းပဲ စွဲလန်းနေတဲ့ ငါ့ကို စိတ်မဆိုး
ပါနဲ့တော့ ချစ်သူရယ်