Thursday, September 3, 2009

အနိုင်ကျင့်တတ်တဲ့ ချစ်သူ



အကိုနဲ့တွေ့ရင်
ပျော်တယ်ဆိုတဲ့ ချစ်သူ။

ချစ်လားမေးတိုင်း၊
"မုန်းတယ်၊ မုန်းစရာကြီး"လို့ ပလီပလာဆိုကာ၊
ရင်မှာ တွယ်ငြိ ချစ်တတ်တဲ့ ချစ်သူ။

"ရုပ်ကလည်း ဆိုးလိုက်တာ၊ ကိုရုပ်ဆိုးတဲ့"
သူဘယ်လိုပြောပြော လူချောလေးနဲ့တွေ့တိုင်း၊
မျက်တောင်မခတ် စိုက်ကြည့်နေတတ်တဲ့ ချစ်သူ။

Kiss ပေးမယ်လို့ပြောတိုင်း၊
Kid ပဲရမယ်လို့ ငြင်းပယ်ကာ၊
ညစဉ်ညတိုင်း လူချောလေး ဓာတ်ပုံကို၊
မမောတမ်း အနမ်းပေးတတ်တဲ့ ချစ်သူ။

စကားရည်လုတိုင်း၊ အနိုင်မရရင်၊
လူလည်ကြီးလို့ ချွဲ့နွဲ့ကာ၊
စိတ်ကောက်ကောက်ပြီး၊
အနိုင်ကျင့်တတ်တဲ့ ချစ်သူ။

သ၀န်တိုတတ်တဲ့ လူချောလေးကို၊
မနာလို သ၀န်တိုအောင် ဇာတ်လမ်းစဉ်၊
အချစ်ပိုအောင် ဖန်ဆင်းတတ်တဲ့ ချစ်သူ၊

တကယ်တော့ .......

လူချောလေးရဲ့ ချစ်သူက
သနပ်ခါးလေးနဲ့ ရင်တုန်မောအောင်၊
ချစ်ဖို့ကောင်းတဲ့ အလှမဒီလေးပေါ့။

မင်းမရှိတဲ့ ငါ့ဘဝ

လွမ်းရတဲ့ နေ့ရက်တွေ၊
အချိန်နာရီနဲ့အမျှ ပြေးသွားနေဆဲ။

ချစ်သူကို သတိယစိတ်တွေ၊
စက္ကန့်နဲ့မခြား နိုးကြားနေမြဲ။

ချစ်သူမျက်နှာ မြင်လိုစိတ်တွေ၊
ငါ့ရင်မှာ ပြည့်ကျပ် မောဟိုက်နေတုန်းပဲ။

ချစ်သူ ပုံရိပ် မျက်လွှာ ဖွင့်ပိတ်၊
ဆုံခွင့်မရဘဲ လှုပ်ရှားမိလေလိုက်တိုင်း၊
ငါ့မျက်ဝန်းတွေ အလင်းမဲ့ တိမ်းယိုင်လေခဲ့။

မဉ္ဇူသက ပန်းရနံ့အသွင်၊
ချစ်သူအသံ လွင်လွင်၊
ကြားခွင့် ကင်းတဲ့ စက္ကန့်တံလေးရဲ့၊
"တချပ်ချပ် အသံ" ရိုတ်ခတ်တိုင်းမှာ၊
ငါနားတွေ အသက်မဲ့ သွေးအိုင်ထဲမှာ လဲပြိုလေရဲ့။