Saturday, October 10, 2009

မေ့မရတဲ့ နေ့လေးတနေ့


မှတ်မှတ်ရရ 10-1-2006 မှာအင်တာနက်ကနေ
အမတစ်ယောက်နဲ့ခင်ခဲ့တာပေါ့၊ သူကမဆိုးဘူး၊
ခင်စရာကောင်းတယ်၊ ချစ်စရာကောင်းတယ်။
အစကတော့မသိပါဘူး၊ ဟီဟီ.. နောက်မှသိတာဗျ။
ကျနော်စာဖြေပြီးခရီးသွားချိန်မှာသူကအမြဲကျနော်ဆီကို
သူသတိယကြောင်းတွေကိုပို့လေ့ရှိတယ်၊
ကျနော်အဲဒီလိုသိရတော့သူကို တဖြေးဖြေးနဲ့စိတ်ဝင်းစားလာတာပေါ့နော်။
ဒါနဲ့သူကိုကျနော်က propose လုပ်လိုက်မိတယ်။ သူကလည်းကျနော်ကို အရင်တည်းကသံယောဇဉ်ရှိတယ်လို့ထင်ပါတယ်၊
ကျနော်တို့နှစ်ယောက် 1-10-2006 မှာချစ်သူတွေဖြစ်ခဲ့ကြတယ်ဗျ။

အတိက်က ပုံရိပ်


ချစ်သူနဲ့ စတွေ့ခဲ့စဉ်က ငါ့ပုံရိပ်၊
မပြောင်းလဲ သေးတာ ခုချိန်ထိ။

မင်းအတွက် ပေးဖို့ ရိုက်ခဲ့တာ၊
ရင်ခုန်ခြင်းတွေ အပြည့်နဲ့ပါ။

မောင်ဓာတ်ပုံကို မြင်ချင်တယ်၊
မင်းပြောနေတဲ့ အသံတွေ ငါကြားနေတယ်။

ဆုံစည်းခဲ့ကျတဲ့ ဘ၀ရေစက်၊
၂၀၀၉ အေပရယ်ရောက်မှ ဘ၀တွေထပ်။

ခုတော့ မင်းနဲ့ငါဟာ

နေရက်တွေ ဘယ်လိုပြောင်းပြောင်း၊
မပြောင်းလဲပဲ ရိုးသားစွာ တည်ရှိနေတာ ငါ့အချစ်တွေပါ။

အသစ်တွေ ဘယ်လိုဆန်းဆန်း၊
မင့်စိတ်ထဲမှာ ငါဟာ အရင်က ပုံစံလေးအတိုင်းပါ

အချစ် သစ္စာ မေတ္တာ သံယောဇဉ်

အချစ်

ချစ်တတ်သူအဖို့ နိမိတ်၊
မချစ်တတ်သူအဖို့ အတိတ်။

သစ္စာ

အချစ်စစ်သမားအတွက် အသက်၊
အချစ်လစ်သမားအတွက် တစ်မနက်။

မေတ္တာ

နုညံ့သူတို့ရဲ့ နှလုံးသား၊
ကြမ်းတမ်းသူတို့ရဲ့ အမုန်းစကား။

သံယောဇဉ်

စကားလေးသုံးလုံးထဲနဲ့ အမြစ်တွယ်၊
ရုန်းမထွက်နိုင်သူအဖို့တော့ အလှပျယ်။

Tuesday, October 6, 2009

ချစ်သူအတွက်

လွမ်းလှတယ် ချစ်သူ

ချစ်သူ ...

လွမ်းလှတယ်၊ အဆုံးစမရှိ၊
နွမ်းလျနေတယ် မင်းကိုလွမ်းရလို့။

ချစ်သူ ...

စိတ်ပူနေတယ်၊ ရင်မှာမချိအောင်၊
ချစ်သူက အဆက်ဖြတ်ထားလို့၊
အောက်မေ့မိတယ် ကမ္ဘာများစွာ ခြားနေသလားလို့။

ချစ်သူ ...

တမ်းတနေမိတယ်၊ စက္ကန့်မလစ်အောင်၊
စွဲလမ်းနေမိတယ်၊ ရင်ထဲမချိအောင်။

ချစ်သူ ....

မင်းပစ်ထားတဲ့ ရက်တွေ၊
တဖြေးဖြေးနဲ့များလာလေ၊
ခုများဆိုနှစ်ရက်တောင်ရှိပေါ့။