Tuesday, October 6, 2009

လွမ်းလှတယ် ချစ်သူ

ချစ်သူ ...

လွမ်းလှတယ်၊ အဆုံးစမရှိ၊
နွမ်းလျနေတယ် မင်းကိုလွမ်းရလို့။

ချစ်သူ ...

စိတ်ပူနေတယ်၊ ရင်မှာမချိအောင်၊
ချစ်သူက အဆက်ဖြတ်ထားလို့၊
အောက်မေ့မိတယ် ကမ္ဘာများစွာ ခြားနေသလားလို့။

ချစ်သူ ...

တမ်းတနေမိတယ်၊ စက္ကန့်မလစ်အောင်၊
စွဲလမ်းနေမိတယ်၊ ရင်ထဲမချိအောင်။

ချစ်သူ ....

မင်းပစ်ထားတဲ့ ရက်တွေ၊
တဖြေးဖြေးနဲ့များလာလေ၊
ခုများဆိုနှစ်ရက်တောင်ရှိပေါ့။

No comments:

Post a Comment