Saturday, January 2, 2010

မင်း အချစ်ကြောင့်

မိုးသည်း ပါစေ၊ နှင်းခဲပါစေ
အပြင်းဆုံးနေ ပူချင်ပူပါစေ

နောင် ဘ၀အထိ ချစ်ပါရစေလေ
မပြောင်းလဲနိုင်ပါ ဘာတွေ ဖြစ်ဖြစ်

ဆူးခင်းတဲ့ ဘ၀လမ်းထဲ
နင်းမဲ့ ဖ၀ါးတွေ မနာကျင်ဖို့လေ

အို....မင်းအတွက် ငါ့ကို ခင်း..
နင်း လျှောက်ပါလေ မပူပါနဲ့ အချစ်

တကယ်ဆိုရင်လေ မင်းမရှိတဲ့ ငါဘ၀လည်း မရှိ
ပန်းတိုင်မသိ အရာရာ နတ္ထိ

အို .. ဘာမဆို မင်းကြောင့်သာ
ရင် ဆိုင်ချင်လာတာ ဘ၀ရဲ့ အဓိပ္ပါယ်ရှိပြီ

တကယ်ဆိုရင်လေ မင်းအချစ်ကြောင့် ငါခံစားသိ
မေတ္တာရဲ့ သိမ်မွေ့ခြင်းတွေ

အို ... တကယ်ကို ကျေးဇူးပါ
ငါ အသက်ဆုံးတိုင် အချိန်ထိ ပေးဆပ်မယ့် အချစ်...

ယုံကြည်စေချင်













ချစ်သူ ....
ပန်းတိုင်ရောက်ဖို့

ငါ လမ်းလျှောက်တဲ့အခါ
တခါတလေ
ငုတ် ခလုတ်တွေထိ
တခါတခါ
ဆူး ကန်သင်းတွေ ငြိပေါ့။

ငါ ပြေးသွားတဲ့ အခါ
အဆင်မသင့်လို့
ချောက်ထဲကို ထိုးကျ
ကံမလှလို့
ချော်လဲကာ ကုန်းထ ရပေါ့။

ချစ်သူ ......
ငါ လျှောက်တဲ့လမ်းဟာ
ကြမ်းချင် ကြမ်းပါစေ၊
ဆူး ခလုတ်တွေကို ကျော်ဖြတ်
ငါ ရှေ့သို့ ခရီးဆက်မယ်။


ငါ ပြေးတဲ့လမ်းပေါ်မှာ
ချော့မွေ့ခြင်းမရှိ
လဲကျချင် လဲကျပါစေ
ချိုင့်ဝှမ်းတွေကို ကျော်တက်
ငါ မင်း ရင်ခွင်သို့ အပြေးလှမ်းခဲ့မယ်။