Saturday, January 2, 2010

ယုံကြည်စေချင်













ချစ်သူ ....
ပန်းတိုင်ရောက်ဖို့

ငါ လမ်းလျှောက်တဲ့အခါ
တခါတလေ
ငုတ် ခလုတ်တွေထိ
တခါတခါ
ဆူး ကန်သင်းတွေ ငြိပေါ့။

ငါ ပြေးသွားတဲ့ အခါ
အဆင်မသင့်လို့
ချောက်ထဲကို ထိုးကျ
ကံမလှလို့
ချော်လဲကာ ကုန်းထ ရပေါ့။

ချစ်သူ ......
ငါ လျှောက်တဲ့လမ်းဟာ
ကြမ်းချင် ကြမ်းပါစေ၊
ဆူး ခလုတ်တွေကို ကျော်ဖြတ်
ငါ ရှေ့သို့ ခရီးဆက်မယ်။


ငါ ပြေးတဲ့လမ်းပေါ်မှာ
ချော့မွေ့ခြင်းမရှိ
လဲကျချင် လဲကျပါစေ
ချိုင့်ဝှမ်းတွေကို ကျော်တက်
ငါ မင်း ရင်ခွင်သို့ အပြေးလှမ်းခဲ့မယ်။

No comments:

Post a Comment