Saturday, October 10, 2009

အချစ် သစ္စာ မေတ္တာ သံယောဇဉ်

အချစ်

ချစ်တတ်သူအဖို့ နိမိတ်၊
မချစ်တတ်သူအဖို့ အတိတ်။

သစ္စာ

အချစ်စစ်သမားအတွက် အသက်၊
အချစ်လစ်သမားအတွက် တစ်မနက်။

မေတ္တာ

နုညံ့သူတို့ရဲ့ နှလုံးသား၊
ကြမ်းတမ်းသူတို့ရဲ့ အမုန်းစကား။

သံယောဇဉ်

စကားလေးသုံးလုံးထဲနဲ့ အမြစ်တွယ်၊
ရုန်းမထွက်နိုင်သူအဖို့တော့ အလှပျယ်။

No comments:

Post a Comment