Monday, January 25, 2010

အချစ်စစ်နဲ့ ဖန်ဆင်းမယ်

မင်းအသိတွေ တွေဝေနေလား
အတိတ်ကို သတိယမိတဲ့အခါ

မင်းစိတ်တွေ မွန်းကြပ်နေလား
ညစ်စရာတွေ ဖိစီးတဲ့ အခါ

မင်းအသိတွေ တွေဝေတာပဲ ဖြစ်ဖြစ်
မင်းစိတ်တွေ မွန်းကြပ်တာပဲ ဖြစ်ဖြစ်

မင်း အသိကို ငါ နားလည်တယ်
မင်း စိတ်ကို ငါ ဖတ်တတ်တယ်

တွေဝေတဲ့ မင်း အသိကို
ငါ့ အကြင်နာတွေနဲ့ အမြင်ရှင်းပေးမယ်

မွန်းကြပ်တဲ့ မင်း စိတ်ကို
ငါ့ အချစ်တွေနဲ့ လွတ်မြောက်စေမယ်

တကယ်တော့ ချစ်သူရယ်
အတိတ်ဆိုတာ အရိပ်အဖြစ် ကျန်ရစ်မယ်
ဘ၀ဆိုတာ အချစ်စစ်အဖြစ် ဖန်သင့်တယ်။

No comments:

Post a Comment