Friday, December 11, 2009

သင်ဇာအတွက် မွေးနေ့လက်ဆောင်

သင်ဇာ

၁၂-၁၂-၃၀၀၉-မှာ ရောက်ရှိလာတဲ့ သင်ဇာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
အကိုအချစ်များနဲ့အတူ သင်ဇာ သာယာပျော်ရွှင်သော နေ့သစ် ရက်သစ်တွေ
ပိုင်ဆိုင်ပါစေ။

သင်ဇာမွေးနေ့မှာ အကိုလေ သစ္စာ (၁၀) ချက်ပြုပါတယ်။

(၁) သင်ဇာကို မြတ်နိုးယုယစွာ တသက်လုံးချစ်ပါမည်။
(၂) သင်ဇာကို အချစ်မေတ္တာများနဲ့ လုံခြုံစွာ ထွေးပွေ့စောင့်ရှောက်ပါမည်။
(၃) သင်ဇာကို နာလည်မှုများဖြင့် အပြုံးပန်းတွေ ပန်ဆင်ပေးပါမည်။
(၄) သင်ဇာ၏လက်အစုံကို ယုယုယယ ဆုပ်ကိုင်ထားပါမည်။
(၅) သင်ဇာ၏ မျက်ဝန်းတွင် အလိုမကျမှုများ ကင်းဝေးအောင် ထားပါမည်။
(၆) သင်ဇာအတွက် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်စေရမည်။
(၇) သင်ဇာအတွက် သာယာသော အချစ်အိမ်လေး တည်ဆောက်ပေးပါမည်။
(၈) သင်ဇာဘ၀ ထာဝရ အေးချမ်းစေရမည်။
(၉) သင်ဇာသည်သာ အကိုရဲ့ ထာဝရ နတ်သမီးလေး ဖြစ်စေရမည်။
(၁၀) သင်ဇာကို ကျော်လွန်၍ အခြားမိန်းမများအပေါ် စိတ်ကူးဖြင့်သော်မှ
မကျူးလွန်စေရပါ။

ဤသစ္စာ ဆယ်ချက်သည် သင်ဇာအတွက် အကိုရဲ့ မွေးနေ့ လက်ဆောင်ပါ။
သင်ဇာအတွက် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။

No comments:

Post a Comment