Thursday, December 10, 2009

ဒီဇင်ဘာ အိပ်မက်

ချစ်သူ ရောက်လာတော့မဲ့ မင်းရဲမွေးနေ့မှာ ငါလေး မင်းနဲ့အတူရှိချင်လိုက်တာ။
မင်းမွေးနေ့တင်မဟုတ်ပါဘူး အချိန်တိုင်းမှာ မင်းအနားနား ငါလေရှိနေချင်တာ။
မင်းမွေးနေ့ရောက်လာတိုင်း ငါကအဝေးမှာပဲ ရှိနေရတယ်။ ငါလေတကယ်
ခံစားရတယ်။ စိတ်ညစ်ရတယ်။ ဒီဇင်ဘာဆောင်းနဲ့အတူ မင်းမွေးနေ့မှာ
မင်းခါးလေးကိုဖက် မွေးနေ့အနမ်းလေး ပေးလိုက်ချင်တယ်။ ၁၂-၁၂-ဆိုတဲ့
ရက်စွဲလေးကို ငါလေ ဘယ်လိုဖြတ်သန်းရမလဲ..ငါတကယ် အင်အားမရှိဘူး။

ငါလေ စိတ်ကူးယဉ်မိတယ်... တကယ်လို့သာ ၁၂-၁၂ဆိုတဲ့ နေ့ရက်အတွက်
မင်းနဲ့တူတူရှိနေရရင် ၁၁-ရက်ညရဲ့ ၁၂နာရီ တစ်မိနစ်မစွန်းခင် စက္ကန့်တံလေး
၁၂ရက်သို့ ကူးဖို့ အင်အားယူဆဲ..အဲဒီအချိန်လေးမှာ Happy Birthday Honey
လို့ပြောဖို့ ငါလေ မအိပ်ပဲ မင်းဘေးနားမှာ တညလုံးထိုင်စောင့်နေမိမှာ.............

အသံကြားလို့ လန့်နိုးလာတဲ့ မင်းကို ငါလေ နွေးထွေးစွာထွေးပွေ့ ငါ့ရင်ငွေ့တွေနဲ့
မင်းကို ငါသိပ်ချစ်တယ်ကွယ်လို့ ပြောရင်း အိပ်ပျော်အောင် ချော့သိပ်မိဦးမှာ။

မနက်မိုးသောက် အလင်းရောက်တာနဲ့ မျက်နှာသစ်ဖို့ အစဉ်သင့် ရေချိုးပေးဖို့
အဆင်သင့်ငါလေ ပြင်ဆင်ထားပေးမိမှာ။ ဒီဇင်ဘာအအေးနဲ့ ဒီဇင်ဘာမွေးဖွားတဲ့
ငါ့ချစ်သူကိုဒီဇင်ဘာလေမတိုးမိအောင် ဒီဇင်ဘာအနွေးထည်းလေး ၀တ်ပေးမိမှာပါ။

ချစ်သူကြိုက်တဲ့ ကော်ဖီ၊ အကိုကြော်တတ်တဲ့ ကြက်ဥကျော်နဲ့ မနက်စာကျွေးပြီး
ချစ်သူ ကုသိုလ်ရဖို့ အကိုလေ ဘုရားပန်းတွေဝယ် ဆီမီးတွေထွန်း ချစ်သူ ဘဝ
အလင်းရစေဖို့ တက္ကဆီကားငှားပြီး မင်းနဲ့ကိုယ် ပထမဆုံး တွေ့ဆုံခဲ့တဲ့ ရွှေတိဂုံ
ဘုရားကို လိုက်ပို့ဦးမှာပါ။

နှစ်ကိုယ်တူ ဘုရားထံမှာ ၀တ်ပြု ချစ်သူအတွက် ဆုတွေတောင်း၊ နှစ်ကိုယ်တူ
ဘ၀တွေထပ်၊သစ္စာရေဆက်လို့ ချစ်သူပျော်နေတာလေးကို အကိုလေ
ထိုင်ကြည့်နေမိမှာ။

နောက်....မင်းနဲ့ကိုယ် လိပ်စာတွေကြွေး မင်းမျက်နှာကို ငေးကြည့်မိခဲ့တဲ့
ဘိုတစ်ထောင်ဘုရားကိုလည်းသွားရောက်ကာဖူး၊ လိပ်စာတွေလည်းကြွေးဖို့
လိုက်ပို့ဦးမှာပဲ။

အကို... ဘယ်သွားချင်တယ်ကွာ.. ဘာစားချင်တယ်လို့ မင်းပြောတဲ့
စကားလုံးတွေကိုလည်း လိုက်နာဖို့လည်း အဆင်သင့်လည်း ဖြစ်နေဦးမှာ။

ညနေရောက်ရင် သူငယ်ချင်းတွေကိုဖိတ် ကန်တော်ကြီးရဲ့ ထိပ်တနေရာမှာ
မင်းအတွက် ပျော်စရာ ညနေစားပွဲလေး လုပ်ပေးပြီး မင်းကို ငါဘယ်လောက်ချစ်တဲ့အကြောင်းမင်းသူငယ်ချင်းတွေ ကြားမှာ
ငါလေ ရင်ထဲက စကားတွေကိုထုတ် မင်းပါးပြင်လေးကို နမ်းစုပ်မိမှာ။

သူငယ်ချင်းတွေက နှုတ်ဆက်တိုင်း မင်းကောင်လေးက မင်းကိုသိပ်ချစ်တာပဲလို့
ပြောလာမဲ့ စကားသံလေးကိုနားစွင့် လေထဲလွင်နေတဲ့ မင်းအပြုံးလေးကိုငါလေ
မျက်တောင်မခတ် ကြည့်နေမိမှာပါ။

အချိန်တန်လို့ အိပ်ပြန်ရောက်ရင် တနေ့တာ ချစ်သူပင်ပန်းသမျှတွေကို
အပန်းဖြေဖို့ချစ်သူကိုပွေ့ဖက် အိပ်ယာစက်မှာ ကြင်နာစွာ ပြုစုပေးမိမှာပါ။

ပင်ပန်းလို့ အိပ်စက်သွားတဲ့ ချစ်သူကို ဘေးနားမှာ ထိုင်ကြည့် ၁၂ရဲ့ ၁၂နာရီ
မထိုးခင်ထိမင်းမျက်နှာလေးကြည့်ပြီး မွေးနေ့ဆုတောင်း သီချင်းတွေ
တပုဒ်ပြီးတပုဒ် တိုးတိုးလေး သီဆိုပေးနေမိမှာပါ ချစ်သူရယ်။

No comments:

Post a Comment