Thursday, December 10, 2009

ဒီဇင်ဘာအလွမ်းနဲ့ အေပရယ်အနမ်း

ကျနော်အတွက် ......

ဒီဇင်ဘာဆောင်းလေနဲ့အတူ
ဒီဇင်ဘာ ဆောင်းနှင်းများကြားမှာ
ဒီဇင်ဘာလို အေးမြတဲ့
ဒီဇင်ဘာ နတ်သမီးလေး
ဖွားမြင်ခဲ့တယ်။


ဒီဇင်ဘာမှာမွေးခဲ့လို့
ဒီဇင်ဘာအလှတွေနဲ့
ဒီဇင်ဘာနတ်သမီးလေး
လှချင်တိုင်း လှနေခဲ့တယ်။

အလှတရားတွေပို
အကြင်နာတရာတွေ စိုနေတဲ့
ဒီဇင်ဘာ နတ်သမီးလေးကို
ကျနော်ချစ်ခဲ့မိတယ်။

ဒီဇင်ဘာနတ်သမီးလေးကို
ဒီဇင်ဘာ ဆောင်းနှင်းကြားမှာ
ဒီဇင်ဘာအနမ်းတွေ မပေးခဲ့ပေမဲ့


ဒီဇင်ဘာရောက်လာတော့
ဒီဇင်ဘာ အအေးဓာတ်က
ဒီဇင်ဘာ နတ်းသမီးလေးရဲ့
အေပရယ်အနမ်းလေးတွေကို
ဒီဇင်ဘာ အလွမ်းတွေနဲ့
ညတိုင်းညတိုင်း
သတိယစေခဲ့တယ်

No comments:

Post a Comment