Tuesday, December 8, 2009

အမြဲပျော်နေစေချင်

ချစ်သူ ..

မမြင်ရပေမဲ့...
မင်းပျော်နေတာ ငါ..သိတယ်။

မင်းရပ်ဋ္ဌာနေ မင်းမိဘတွေနဲ့
မင်းဆွေမျိုးတွေကြားမှာ
မင်းစိတ်တွေ တက်ကြွနေတယ်။

မင်းအသံလေးကို လေလှိုင်းမှ
ကြားလိုက်ရတဲ့ အသံတွေက သက်သေပေါ့။

ငါ မြင်ချင်နေတာ အဲဒီပုံစံလေးပေါ့။
မင်းကို အမြဲပျော်နေစေချင်တာလေ။

ငါမက်ထားတဲ့ ငါအိပ်မက်လေး
တကယ်မက်ခွင့်ရလာတဲ့ တနေ့
မင်း သိပ်ပျော်မယ်ဆိုတာ ငါသိတယ်။

ချစ်သူ ...
မင်း ပျော်နေဖို့အတွက်
ငါ့ရဲ့ အချစ်
ငါ့ရဲ့ မေတ္တာ
ငါ့ရဲ့ ယုယမှုတွေနဲ့အတူ
မင်းဆီကို မကြာခင် အရောက်လာခဲ့မယ်။

အဲဒါ ...
မင်းကိုချစ်လို့ ...နောက်...
မင်း အမြဲပျော်နေစေချင်လို့ပေါ့။

No comments:

Post a Comment