Thursday, July 16, 2009

ပေါက်ကွဲခြင်း

မင်းကို အသဲနစ်အောင်ချစ်ခဲ့တယ်။
မင်းကို ဘ၀တခုလုံးပုံ ချစ်ခဲ့တယ်။
မင်းကို ပျော်ရွှင်အောင် ချစ်ခဲ့တယ်။
မင်း စိတ် ငြိုငြင်မှာကို သိပ်ကြောက်ခဲ့တယ်။

မင်းကို အချိန်တိုင်းမှာ လွမ်းနေခဲ့တယ်။
မင်းကို အချိန်ပြည့် တမ်းတခဲ့တယ်။
မင်းကို စက္ကန့်မလပ် သတိယခဲ့တယ်။

မင်းကို အားလုံးထက် တွယ်တာခဲ့တယ်။
မင်းကို နှလုံးသားတခုလုံး ပုံအောပေးခဲ့တယ်။

ဒါပေမဲ့ .....

မင်းအချစ်က ငါ့အချစ်ကိုမမှီခဲ့ဘူး။
မင်းရဲ့ စိတ်တွေ ငါ့ဆီမရှိခဲ့ဘူး။
မင်းသံယောဇဉ်တွေ ပြေလျော့နေတယ်။

ဘာလို့လဲ ................

ငါ့ အချစ်ကပဲ တန်ဖိုးမရှိလို့လား။
ငါ့ အချစ်ကပဲ နည်းနေလို့လား။
ငါ့ အချစ်ကပဲ မစစ်လို့လား။
ကံဇာတာကပဲ မျက်နှာသာမပေးလို့လား။

ခုချိန်မှာ ငါ့ရင်တွေ သိပ်ပူလောင်နေတယ်။
မြိုသိပ်ထား သ၀န်တိုစိတ်တွေ ထပေါက်ကွဲနေတယ်။
အဲဒါ မင်းသိလား။

No comments:

Post a Comment