Wednesday, July 8, 2009

အချစ်နဲ့ နှုတ်ခမ်း

From kiss

အချစ်..............

လူတိုင်း ပြောနေကြတာ အချစ်၊

နှုတ်ခမ်းလေး ဖွင့်ဟနေကြတာ အချစ်၊

လူတိုင်း ပျော်ရွှင်နေကြတာ အချစ်၊

လူတိုင်း မောပန်းနေကြတာ အချစ်၊

နှုတ်ခမ်း .............

နှုတ်ခမ်းလေးနဲ့ အချစ်တွေ ဖလှယ်ကြတယ်၊

နှုတ်ခမ်းလေးနဲ့ အမုန်းတွေ ၀ယ်ယူကြတယ်၊

နှုတ်ခမ်းလေးမဲ့ကာ ချစ်သူတွေ ကြည်စယ်ကြတယ်၊

နှုတ်ခမ်းလေးရွဲ့ကာ မုန်းသူတွေ ရန်မူကြတယ်၊


အချစ်နဲ့ နှုတ်ခမ်းလေး ပေါင်းဆုံမိချိန်မှာတော့

အဖိုးက အဖွားကို ပြောဘူးတာလည်း အချစ်၊

အဖေက အမေ့ကို ပြောဘူးတာလည်း အချစ်၊

ကိုယ်က မင်းကို ပြောဘူးတာလည်း အချစ်၊

နှုတ်ခမ်းရှိသူတိုင်း ပြောဘူးကြတာ အချစ်၊

တကယ်တော့

အချစ်ကြောင့် နှုတ်ခမ်းလေး လှုပ်ရှားလာရတယ်။

နှုတ်ခမ်းလေးကြောင့် အချစ်ဆိုတာ သိလာရတယ်။

No comments:

Post a Comment