Thursday, July 9, 2009

ညဥ့်ရဲ့အဖော်

ငါတွေးလိုက်တိုင်း
ရောက်ရောက်လာတာ မင်းပုံရိပ်၊
ငါရေးလိုက်တိုင်း
ပျောက်ပျောက်သွားတာ မင်းယုံစိတ်။

ငါစဉ်းစားလိုက်တိုင်း
ဝင်ဝင်လာတာ မင်းအကြောင်းတွေ၊
ငါတင်းထားမိတိုင်း
နှင်နှင်နေတာ မင်းအဟောင်းတွေ။

ငါအိပ်လိုက်တိုင်း
အိပ်စက်မရအောင်လုပ်နေတာ မင်းပဲလေ၊
ငါစိတ်အိုက်မိတိုင်း
စိတ်ပျက်တယ် ပြောနေတာ မင်းပဲလေ။

ငါတယောက်တည်း ညဥ့်တွေကို ဖြတ်သန်းရတိုင်း
ငါ့ရဲ့ အဖေါ်တွေဟာ ...

"မင်းပုံရိပ်၊
မင်းယုံစိတ်၊
မင်းအကြောင်း၊
မင်းအဟောင်း၊
အိပ်မရခြင်း၊
စိတ်ပျက်ရခြင်း၊" တွေပေါ့။

No comments:

Post a Comment