Thursday, July 9, 2009

ချစ်သူသို့ ပေးစာ

ချစ်သူရေ.....

မင်းနေကောင်းလား၊ မင်းကို အရမ်းသတိယတယ် ဆိုတာထက် ပိုလို့တမ်းတနေတယ် လွမ်းမိတယ်ဆိုရင် ယုံတမ်း စကားတခြုဖစ်နေမလား။ အချိန်တိုင်းမှာ သတိယနေမိတဲ့ ငါ့စိတ်ကို ထိန်းချုပ်လို့ မရဘူး။ အချစ်ဆိုတာ ဘာလဲလို့ ငါမသိပေမဲ့... အမြဲသတိယနေတဲ့စိတ်ကို အချစ်လို့ပြောရင်ရမလား။ ဒါဆိုရင် မင်းကို သတိယနေတာကချစ်လို့။ ချစ်လို့ သတိယ တာလည်း ဖြစ်မှာပေါ့။ ခုချိန်မှာ မင်းဘာတွေ လုပ်နေလဲ ငါသိချင်လိုက်တာ။ မနက်စာရော မင်း စားခဲ့လား။ မင်းက ကလေးလေး တစ်ယောက်မဟုတ်ပေမဲ့ မင်းအတွက် အစစအရာရာ အကုန်လုံးကို စိတ်ပူနေ တယ်။ ငါ့စိတ်ထဲမှာ မင်းကို ဘယ်လောက်ချစ်နေတယ်။ မင်းကို ဘယ်ထိ လွမ်းနေတယ်ဆိုတာ မင်းရော သိရဲ့ လား။

မင်းနဲ့ တွေ့ရမဲ့ အချိန်၊ မင်းအသံ ကြားရမဲ့အချိန်ကို ငါမျှော်နေပါတယ်ကွာ။
မင်းဟာ ငါ့ရဲ့ အသက်ပါပဲ။ မင်းမရှိလို့ မဖြစ်တော့တဲ့ ငါ့ဘ၀ကို မင်းအဖေါ်
ပြုပေးပါနော်လို့...........

အချစ်များစွာနဲ့

မင်းကို ရူးသွပ်စာချစ်နေတဲ့ထွန်း

No comments:

Post a Comment