
ချစ်သူ ........
အပေါင်းပါ အကြောင်းမသာလို့၊
မလွဲသာ ခပ်ခွါခွါ နေရ ပေမဲ့၊
အစောတလျင် ကိုယ့်ဇောဘ၀င်မှာလေ၊
တွေးမိတယ်၊ မင်းအကြောင်းတွေကို၊
ကောင်းကင် ပြာပြာကြီးကို ငေးကြည့်ရင်း။
ဆွေးမိတယ်၊ မင်းနဲ့ တူတူလျှောက်ခဲ့တဲ့ လမ်းလေးကို၊
မြတ်ခင်း စိမ်းစိမ်းရဲ့ လွင်ပြင်ကို လှမ်းကြည့်ရင်း။
တမ်းတမိတယ်၊ မင်းနဲ့ တူတူ ထိုင်ခဲ့ကြတဲ့ ထိုင်ခုံလေးကို၊
ကြည်နူးနေကြတဲ့ စုံတွဲလေးတွေကို မြင်လိုက်တိုင်း။
မှန်းဆမိတယ်၊ မင်းလေးရဲ့ အနမ်းတွေကို၊
လေညှင်းလေးတွေ ပါးပြင်လေးကို ကြည်စယ်သွားတိုင်း။
No comments:
Post a Comment