Saturday, July 11, 2009

ချစ်သူသို့ ပေးစာ

သိပ်ချစ်ရတဲ့ ချစ်သူ

ဒီနေ့တော့ မင်းနဲ့ဖုန်းပြောခွင့်ရတာ အရမ်းပျော်သွားတယ်၊ မင်းအသံလေးကို ကြားရတိုင်း ငါ့မှာအရမ်းပဲပျော်ရွှင်မိ တယ်။ ငါဘယ်လောက် စိတ်ညစ်ညစ် ငါဘယ်လောက် မင်းကို စိတ်ကောက်မိနေပါစေ မင်းအသံလေးကိုကြား လိုက်ရ၊ မင်းကို မြင်လိုက်ရတာနဲ့ ညစ်ခြင်း ကောက်ခြင်းတွေ အကုန်ေ၀၀ါးကုန်တယ်။ အချစ်ရဲ့ စွမ်းအားတွေ ကသိပ်ကို ဆန်းပြားတယ်နော်။ မင်းနဲ့ငါ အမြဲအဆက်သွယ် ရခြင်တယ်။ မင်းနဲ့ တစက္ကန့်လေးတောင် ဝေးမနေချင် တာပါ။ စကားပြောတိုင်း မင်းလေးရီမောတဲ့ အသံကို ငါစွဲမက်ဆုံးပါ။ ငါ့အတွက်တော့ မင်းဟာမြတ်နိုးစရာနဲ့ချစ် စရာအကောင်းဆုံး မိန်းကလေး တစ်ယောက်ပေါ့။ မင်းနဲ့ငါနဲ့ ပျော်စရာအတိပြည့်တဲ့ အချစ်အိမ်လေးဆီ အရောက်သွားကြမယ်နော်။ မင်းကို အဲဒီအိမ်လေးဆီ ရောက်အောင်ခေါ်သွားမယ်။ ငါ့လက်ကို စွဲမြဲအောင်ကိုင် ထားနော်။ ဘ၀ခရီးက စိတ်ကူးယဉ်နေတာထက် ခက်ထန်တယ်တဲ့။ မင်းအတွက် ခက်ထန်ခြင်းတွေကို နုညံ့စေရ မယ်။ မာကျောခြင်းတွေ ပျော့ပြောင်းစေရမယ်။ မင်းကို ချစ်တဲ့အချစ်တွေနဲ့ ကြမ်းတမ်းတဲ့ ဘ၀ခရီးကို ပျော်စရာ ဖြစ်ဖန်ဆင်းလိုက်မယ်။ ယုံကြည်မှုတွေနဲ့ မင်းအချစ်တွေကို ငါမျှော်လင့်နေတယ်။

ချစ်သူ....မင်းကို တအားချစ်တယ်။

မင်းကို သိပ်ချစ်တဲ့ထွန်း (NLT)

No comments:

Post a Comment