Tuesday, July 7, 2009

ရင်ထဲက စကား

ချစ်သူ ......
ချစ်တယ်ဆိုတဲ့ စကားလုံးထက် လေးနက်သော စကားလုံးများရှိခဲ့ရင်
မင်းကို ဘယ်လောက်ချစ်လဲဆိုတာ ပြောပြချင်တယ်။

ချစ်သူ .......
လွမ်းတယ်ဆိုတဲ့ စကားလုံးထက် အဓိပ္ပါယ်ပိုတဲ့ စကားလုံးများရှိခဲ့ရင်
မင်ကို ဘယ်လောက်လွမ်းလဲဆိုတာ သိစေချင်တယ်။

ချစ်သူ ......
တွေ့ချင်တယ်ဆိုတဲ့ စကားလုံးထက် စွမ်းအားရှိတဲ့ စကားလုံးများရှိခဲ့ရင်
မင်းကို ဘယ်လောက် တမ်းတနေလဲဆိုတာကို ဖွင့်ဟချင်တယ်။

မင်းနဲ့ဝေးရတဲ့အချိန်တွေမှာ ရင်ထဲက ငါပြောနိုင်တာတွေဟာ
မင်းကို ချစ်တယ်။
မင်းကိုလွမ်းတယ်။
မင်းကိုတွေ့ချင်တယ်။ ဒါတွေပဲပေါ့။

No comments:

Post a Comment