Tuesday, October 13, 2009

ငါလေ .....



ဟန်နေ

အလွမ်းမပြေ စမ်းရေလို အေးမြတဲ့ မင်းမျက်နှာလေးကို
ရှု့မ၀ နုလှနေတဲ့ မင်းအလှကြောင့် ငါလေ ငေးမောနေမိတယ်။

ဟန်နေ

နားဆင် မ၀ ကြားချင်လှတဲ့ အကိုရေလို့ ခေါ်တဲ့ မင်းအသံချိုလေးကို
အသဲတွင် နစ်စူး ရွှေဘ၀င်မှာ ရစ်မူးနေသောကြောင့် ငါလေ နားစွင့်နေမိတယ်။

ဟန်နေ

အချစ်ဆိုတာ မသိဘူး ဒါပေမဲ့ မင်းလေးဟာ ငါ့ရဲ့ အချစ်ဦး
မချစ်ဖူးတဲ့ အချစ်ဦးကို အချစ်ထူးတွေနဲ့ ချစ်ခဲ့မိလို့ ငါလေ မင်းနှုတ်ခမ်းစုံလေးတွေကို ညတိုင်း တမ်းတနေမိတယ်။

ဟန်နေ

ချစ်မိလို့ အပြစ်ရှိ အချစ်ရှိ၍ အပြစ်ဖြစ်လာမယ်ဆိုရင်
ငါလေ အချစ်ကြောင့်ရလာမဲ့ အမှောင်ချမဲ့ နောင်တကို
ယောင်ဆလို့တောင် သီဆိုမိမှာ မဟုတ်ပါဘူး။

No comments:

Post a Comment