Wednesday, September 9, 2009

အတွေးထဲမှာတောင် မခွဲဘူး


ငါ တွေးလေတိုင်း၊
ငါ့ အတွေးထဲမှာ မင်းပုံရိပ်။

ငါ ဆွေးလေတိုင်း၊
ငါ့ အဆွေးထဲမှာ မင်းပုံရိပ်။

ငါ သွားလေတိုင်း၊
ခြေလှမ်းတိုင်းမှာ မင်းပုံရိပ်။

ငါ အိပ်လေတိုင်း၊
အိပ်မက်တိုင်းမှာ မင်းပုံရိပ်။

ငါ စိတ်ညစ်တိုင်း၊
တမ်းတ မိတာ မင်းပုံရိပ်။

ငါ အားလေတိုင်း၊
ထုတ်ကြည့်မိတာ မင်းပုံရိပ်။

No comments:

Post a Comment