
ငါ့စိတ်တွေ ပြန့်ကျဲနေသည်၊
စုစည်းလို့ မရ၊
အပူမီးတွေထ။
မင်းအတွက် ငါ သ၀န်တိုနေသည်၊
မင်းမျက်နှာ မြင်ယောင်မိ၊
စိတ်ညစ်မှာ စိုး၏။
ငါ့ရင်တွေ ပူလောင်နေသည်၊
အတွေးများက နှိပ်စက်၊
ငါ့မှာလေ အရှိုက်ခက်။
မင်းကို ငါသိပ်ချစ်သည်၊
မင်းအချစ်တွေ ဘေးရောက်၊
ငါ့ ဘ၀ဟာ အသက်ပျောက်။
တကယ်တော့ .....
မုန့်ကို မဝေစားနိုင်တဲ့ ငါ့အကျင့်၊
မင်းအချစ်ကို ငါတယောက်သာ ပိုင်ဆိုင်လိုတဲ့ ငါ့အချစ်၊
မှုန်ဝါးဝါး မှန်တချပ်ကို မသန့်စင်နိုင်တဲ့ ငါ့အပြစ်၊
နောက်ကွယ်မှာ ရှိနေတဲ့လူကို လက္ခံနေရတဲ့ ငါ့အဖြစ်၊
ဘယ်တော့များ ငါဟာ ....
မင်းစိတ်ကို စေစားနိုင်မလဲ မသိ၊
မင်းအတိတ်ကိုေ၀၀ါးစေနိုင်မလဲ မသိ။
No comments:
Post a Comment