Sunday, March 7, 2010

မင်း မရှိရင် မဖြစ်နိုင်လို့ပါ

ချစ်သူ

စိတ်ဆိုးလို့ မင်းပစ်ထားတဲ့အခါ
ငါ အသဲတွေတုန် ဘ၀ဟာ ရေစုံမှာ မျှောနေသလိုပဲ။

မင်း စိတ်ကောက်လို့ ငါချော့မရတဲ့အခါ
ငါ့ စိတ်တွေချောက်ခြား ဘ၀ဟာ ပျောက်သွားသလိုပဲ။

တခါတခါ မင်းကို စ,နောက် မိ၊ စကားပြောကို မဆင်ခြင်မိ
ချစ်လိုဇောနဲ့ ကြည်စယ်၊ အရိပ်သုံးပါးကို နားမလည်

နားလည်မှုတွေလွဲ၊ ဒေါသတွေ တဆဆကဲ
တောင်းပန်လဲမရ၊ ချော့လို့လဲ မရ

ကြည်စယ်လွန်မိ၊ ကျနော် အပြစ်ရှိသဖြင့်
ဒူးထောက်ကာ တောင်းပန်ချင်ပါတယ်

" အချစ်တွေ မပြယ်လိုက်ပါနဲ့၊
အတိတ်ကို မဆယ်လိုက်ပါနဲ့
ငါ့ အသက်ဟာ မင်း
ငါ့ ဘ၀ဟာ မင်း
မင်း မရှိရင် ငါ မဖြစ်နိုင်လို့ပါ"

No comments:

Post a Comment