Friday, February 5, 2010

အဖေသို့ တောင်းဆိုခြင်း

အဖေ

ဆိုးမိုက်နေပါစေ
အဖေဟာ အဖေပါ။

အဖေ့ကျေးဇူးတွေဟာ
မြင့်မိုရ်တောင်ထက်မက
မြင့်မားတယ်တဲ့။

မြင့်မိုရ်တောင်ဆိုတာ
သားနဲ့သမီးမမြင်ဖူးပါဘူးအဖေ။

ဒါပေမဲ့ အဖေ့ကျေးဇူးတရား
အဖေ့မေတ္တာကြောင့်
ပုံရိပ်ဖေါ်လို့ ရနိုင်ပါတယ် အဖေ။

သမုဒ္ဒရာရေပြင် မ,ကလည်း
အဖေ့ကျေးဇူးတွေဟာ ကျယ်ပြောတယ်တဲ့။

အဖေ့ရောဂါတွေ ဘယ်လောက်ကျွမ်းနေပါစေ
အဖေချစ်တဲ့ သမီးတွေ မြင်ရတော့
အဖေ ရောဂါတွေ ပျောက်ခဲ့တယ်လေ
အဖေအသိဆုံးပါ အဖေရယ်။

အဖေ့မေတ္တာတွေ အဖေ့ကျေးဇူးတွေ
ဘယ်လောက် ကျယ်ပြောတယ်ဆိုတာ
ပင်လယ်ပြင်က အရူံးပေးပြီးသားပါ အဖေ။

ခုတော့ အဖေရယ် ....
အဖေချစ်တဲ့သမီးတွေကို နှုတ်ဆက်စကား
လေးတောင် မပြောပဲ စိမ်းကားပစ်ခဲ့တယ်။

နောက်ဘ၀တွေများ သားနဲ့သမီးတို့ရဲ့
အဖေဖြစ်ခဲ့ရင်လေ သားတခုလောက်
ပြောပါစေနော်.....

ဘယ်တော့မှ အရက်ကို မခင်တွယ်
ပါနဲ့နော့် အဖေရယ်။

သားတို့ သမီးတို့ထက် ပိုမချစ်လိုက်ပါနဲ့နော်လို့
အဖေ့ကို မမြင်ဘူးလိုက်တဲ့ သား
တောင်းဆို ကန်တော့လိုက်ပါတယ် အဖေရယ်။

No comments:

Post a Comment