Saturday, January 9, 2010

လေးနှစ်ပြည့် ချစ်သက်တမ်း

(၁-၁၀-၂၀၁၀)သည် ကျနော်တို့၏ အချစ်ခရီးသက်တမ်း လေးနှစ်ပြည့်ဖြစ်သည်။
(၁-၁၀-၂၀၀၆)နေ့မှာ သူနဲ့ကျနော် စတင်ခင်မင် သိကျွမ်းခဲ့သည်။ သူ့ပုံရိပ်၊
သူ့အသံ၊ သူ့အချစ်များနဲ့ အချိန်ကာလတွေကို ကျော်ဖြတ်ခဲ့သည်။ ပျော်ရွှင်ခြင်း
စိတ်ရှုပ်ခြင်းတွေများကြားမှာ သူ့၏ မေတ္တာ၊သစ္စာများဖြင့် အစားထိုးပျော်ရွှင်
ခဲ့သည်။ အချိန်ကာလတွေများဖြတ်သန်းခဲ့သမျှ အချစ်တွေ သံယောဇဉ်တွေ
တိုးတိုးရစ်ကာ ရင်ချင်းအပ်၊ ဘ၀တွေတူတူထပ်ခဲ့ကြသည်။ ကျနော်ကျေနပ်
သည်။ ပျော်ရွှင်သည်။ ဘ၀မှာ အတွယ်တာရဆုံးသူဆိုတဲ့ကောင်မလေးကို
အသက်ထက်တမျှ ချစ်သည်။ အသွေးသားထဲထိ ကိန်းတည်ကာအရိုးထိ
အောင် စွဲလမ်း တွယ်တာနေမိသည်။ သူ့ကိုချစ်သည် သူ့ကိုလွမ်းသည်....
နောင်လည်းလွမ်းနေဦးမည်။ ချစ်နေဦးမယ်.. ရိုးမြေကျသည့်ထိ ချစ်နေဦးမည်...

No comments:

Post a Comment