Tuesday, December 15, 2009

ငါ ကန်းနေတယ်

မင်း...မွေးနေ့မှာ
လှပတဲ့ မင်းရုပ်သွင်
ငါလေ မြင်ခွင့်မရှိ
ငါ ကန်းနေ၏။

မင်း..မွေးနေ့မှာ
မင်း အနားကို ထိုင်ချင်မိ
ငါလေ ထိုင်ခွင့်မရှိ
ငါ့ကို ငါ စိတ်နာမိ။

မင်း....မွေးနေ့မှာ
ငါ တယောက်
မင်းအနားကို မရောက်နိုင်၊
ငါ့စိတ်တွေ ယိုင်။

နေ့ညတွေက
မင်းနဲ့ငါကို လွဲအောင်လုပ်ထား
အတိတ်တွေက
ငါနဲ့မင်းကို ကွဲအောင် ကြိုးစား။


မင်းမွေးနေ့ရောက်လေတိုင်း
မင်း မျက်ရည်တွေ စီးကျ
ငါ မျက်ရည်တွေ စတေးရ။

No comments:

Post a Comment