Wednesday, November 11, 2009

အတွေးတစ

ညစဉ် ညတိုင်း

သတိယနေတာ စိုစွတ်သော မင်းလေးရဲ့ နှုတ်ခမ်း။

အိပ်မက် မက်တိုင်း

ရောက်ရောက်လာတာ မဝေးသေးသော အေပရယ်ရဲ့ ဇာတ်လမ်း။

နာရီ လက်တံ လှုပ်ရှားလေတိုင်း

ဆောက်တည်ရာမရ လွမ်းကာနေရတဲ့ ငါ့ရင်ခုန်သော အသံလှိုင်း။

အတွေးတစ်ခု အသိစိတ်ကို ပုတ်ခတ်လေတိုင်း

အရောက်ဝင်လာတာ ငါတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ရမဲ့ အနာဂတ်ဇာတ်လမ်းအပိုင်း။

No comments:

Post a Comment