Wednesday, October 28, 2009

ကျနော်ဖြစ်ချင်သော

ချစ်သူကို
အသက်ထက်မက ချစ်တယ်။

ချစ်သူကို
ရင်ဘက်ကျဉ်းကျဉ်းလေးနဲ့ မဆံ့အောင် လွမ်းတယ်။

ချစ်သူကို
ငုံလို့ထားမတတ် မြတ်နိုးတယ်။

ချစ်သူကို
အတိုင်းဆမရှိ နမ်းချင်တယ်။

ချစ်သူကို
မျက်တောင်မခတ် ထိုင်ကြည့်နေချင်တယ်။

ချစ်သူကို
ရပ်တန့်ခြင်းမရှိ ကြင်နာလိုက်ချင်တယ်။

ချစ်သူကို
အားပါးတရ ဖက်ထားလိုက်ချင်တယ်။

No comments:

Post a Comment