Sunday, July 19, 2009

စေစားနိုင်သူ


မင်းလေးနဲ့တွေ့ဆုံလိုက်တိုင်း
ငါ့စိတ်တွေ ဘယ်ထိရှုပ်ထွေးနေပါစေ
စက္ကန့်လေးတစ်ခုတောင် မရွေ့လျားခင်
ကြည်လင်သွားတယ်။

မင်းလေးရဲ့ မျက်နှာလေးကို မြင်လိုက်ရတိုင်း
ငါ့စိတ်တွေ ဘယ်ထိ လှုပ်ခတ်နေပါစေ
မျက်စိတစ်မှိတ် အဆုံးမသတ်ခင်
ငြိမ်ကျသွားတယ်။

မင်းလေးရဲ့ အသံလေးကို ကြားလိုက်ရတိုင်း
ငါ့စိတ်တွေ ဘယ်ထိ လွင့်ပျံ့နေပါစေ
အသံလှိုင်းတစ်ချက် မဖြတ်သန်းခင်
မင်းရှေ့မှာ ဒူးထောက်ကျသွားတယ်။

မင်းလေးရဲ့ အနမ်းလေးကို သတိယမိတိုင်း
ငါ့နှုတ်ခမ်းတွေ ဘယ်ထိ အဖေါ်မဲ့နေပါစေ
မင်းပို့တဲ့ Fly Kiss တစ်ချက် မထိတွေ့ခင်
ငါ့နှုတ်ခမ်းလေး စိုစွတ်သွားတယ်။

No comments:

Post a Comment